ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယမှာ တရုတ်၊ရုရှားခေါင်းဆောင်တွေပါတဲ့ ထိပ်သီးအစည်းအဝေးကျင်းပ
ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ့် အိန္ဒိယက ဒေသတွင်းအစည်းအဝေးအတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ပူးပေါင်းကြဖို့လည်း ပါဝင်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရန် ဒရာ မိုဒီက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ အပါအဝင် ဘရာဇီး၊ရုရှား၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဂိုအာပြည်နယ် ဘင်နောင်လင်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ်အပါအဝင် တခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေလည်း လိုက်ပါလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေထဲက သီရိလင်္ကာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က သမ္မတတွေနဲ့ ညနေပိုင်းမှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။