ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းဘုရင် ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ တိုးလာ
ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွား လာနေတဲ့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန် အိုချာက သူ့ရုံးတာဝန်တွေ အားလုံးကို ရပ်ဆိုင်းပြီး ဘန်ကောက်ကို ပြန်လည် ရောက်ရှိလာပါတယ်။
အိမ်ရှေ့မင်းသား မဟာ ဗာဂျီရာလောင်ကွန် ဟာလည်း သူ့ခမည်းတော်ကို ဆေးရုံမှာ တွေ့ဆုံဖို့ ထိုင်းနိုင်ငံကို ပြန်လည် ရောက်ရှိလာပြီလို့ ယုံကြည်ရပါတယ်။
တနင်္ဂနွေနေ့က ဘုရင့် ကျန်းမာရေး အတွက် သွေးသန့်စင် ကုသ ပေးခဲ့ရပြီး အသက်ရှူစက် တပ်ထားရတယ်လို့ ထိုင်းနန်းတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဲဒီ အချိန်ကစပြီး ထိုင်းဘုရင် တက်ရောက်နေတဲ့ ဆေးရုံ အပြင်ဘက်မှာ ဘုရင့်ကျန်းမာရေးအတွက် ဆုတောင်းပေးကြသူတွေနဲ့ ပြည့်နေခဲ့ပါတယ်။
သက်တော် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ထိုင်းဘုရင်ဟာ ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ရှင်ဘုရင် ဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့လို့ သူ့ကို ထိုင်းနိုင်ငံသားတွေက အထူး ချစ်ခင် လေးစားကြတာပါ။
ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး သူ့ကျန်းမာရေး အတွက် ဆေးရုံတက် နေရတာ များပြီး အများပြည်သူကြားမှာ မမြင်ရတာ လတွေနဲ့ချီပြီး ကြာနေပြီ ဖြစ်ပါတယ်။