ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလက်ပိုမြို့ အရှေ့ပိုင်းမှာ အလုံးစုံ ပျက်သုဉ်းဖွယ် ရှိနေ
ဆီးရီးယား မြောက်ပိုင်းက သူပုန်တွေ ထိန်းချုပ်ရာ အလက်ပိုမြို့ အရှေ့ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီ ထပ်သေဆုံးဖို့ ရှိပြီး နှစ်လ အတွင်းမှာ အလုံးစုံ ပျက်သုဉ်းဖို့ ရှိတယ်လို့ ဆီးရီးယား ဆိုင်ရာ ကုလ သံတမန်က ပြောပါတယ်။
ရာဂဏန်းလောက်သာ ရှိတဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေကို ရှင်းလင်းဖို့အတွက် အရပ်သားတွေ ရှိနေတဲ့ မြို့ကို အပြင်းအထန် တိုက်ခိုက်နေတာဟာ မဖြစ်သင့်ဘူး လို့လည်း Staffan de Mistura က ပြောပါတယ်။
အလက်ပိုမြို့ အရှေ့ပိုင်းက တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ အရပ်သား အရေအတွက်က နှစ်သိန်း ခုနစ်သောင်း ငါးထောင်လောက် ရှိတယ်လို့ ကုလ သမဂ္ဂက ဆိုပါတယ်။
အရပ်သားတွေရဲ့ အကျိုးအတွက် ဂျီဟတ်ဝါဒီတွေကို မြို့ကနေ ထွက်သွား ကြဖို့လည်း မစ္စတာ Mr De Mistura က တိုက်တွန်း လိုက်ပါတယ်။
အဲဒီလို ထွက်သွားမယ် ဆိုရင် သူကိုယ်တိုင် ဂျီဟတ်ဝါဒီတွေနဲ့ အတူ လိုက်ပါမယ်လို့လည်း မစ္စတာ Mr De Mistura က ကမ်းလှမ်း ပြောဆိုပါတယ်။