Messi ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ရပြန်ပြီ

ဓာတ်ပုံ ရင်းမြစ်,
အာဂျင်တီးနား ဘောလုံးသမား Lionel Messi ဟာ ပြီးခဲ့တဲ့နှစ် အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား အဖြစ် တတိယ အကြိမ်မြောက် ဆက်လက် အရွေးခံခဲ့ရပါတယ်။
အသက် ၂၄နှစ်သာ ရှိတဲ့ မက်ဆီဟာ စပိန်က ဘာဆီလိုးနား အသင်းမှာ ကစားတာ ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကို သုံးနှစ် ဆက်တိုက် အရွေးခံရတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်ပါတယ်။
၁၉ဂဝ ခုနှစ်တွေ တုန်းက မိုက်ကယ် ပလာတီနီဟာ မက်ဆီလိုဘဲ Legion of honour ရခဲ့သူ ဖြစ်ပါတယ်။
၂ဝ၁၁ ခုနှစ် အတွင်း မက်ဆီဟာ ဂိုး အရေအတွက် ငါးဆယ်ကျော် ကန်သွင်းပြီး ဘာစီလိုးနား အသင်း အတွက် Spanish League ၊ ဥရောပ ချန်ပီယန်နဲ့ Club World Cup
ဆုတွေ ရယူပေးခဲ့တာ ဖြစ်ပါတယ်။




