ထိုင်းမှာ ယင့်လတ် တရားဝင် ဝန်ကြီးချုပ်ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, AFP
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖုအထိုင်း ပါတီက မစ္စ ယင့်လတ် ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် တနင်္လာ နေ့မှာ တရားဝင် ဖြစ်လာပါပြီ။
ထိုင်းဘုရင် ဘူမိဘောက သူ့ကို ဝန်ကြီးချုပ် အဖြစ် အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
မစ္စ ယင့်လတ်ဟာ ၂၀၀၆ တုန်းက စစ်တပ်က အာဏာသိမ်းလို့ ပြုတ်ကျခဲ့တဲ့ ဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ညီမထွေး ဖြစ်ပါတယ်။
ဒါပေမယ့် သူ့အကိုကနေ ပါတီရဲ့ မူဝါဒတွေကို ချုပ်ကိုင်သွားမယ်ဆိုတဲ့ ပြောဆိုချက်တွေ အပေါ် မစ္စ ယင့်လတ်က ငြင်းဆိုခဲ့ပါတယ်။
မစ္စ ယင့်လတ်ဟာ ၆ ပါတီ ညွန့်ပေါင်းအစိုးရကို ဦးဆောင်မှာ ဖြစ်ပါတယ်။




