မင်းသမီးကို ရိုက်နှက်တဲ့ ကမ္ဘောဒီးယားသူဌေး အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
ကမ္ဘောဒီးယား နိုင်ငံမှာ ဟိုးလေး တကျော် ဖြစ်ခဲ့တဲ့ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု တခုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး နေတဲ့ ရဲတွေက Sok Bun ဆိုတဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တဦးကို ဖနွမ်ပင် နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီး လိုက်ပါတယ်။
ကမ္ဘောဒီးယား ရုပ်မြင် သံကြား တခုက သရုပ်ဆောင် မင်းသမီးကို စားသောက်ဆိုင် တခုမှာ ရိုက်နှက် နေပုံ ရတဲ့ ဗီဒီယို တခု ပေါ်ထွက် လာခဲ့ ပြီးတဲ့ နောက် Mr Bun ဟာ ထွက်ပြေး တိမ်းရှောင် နေခဲ့တာ ဖြစ်ပါတယ်။
SaSa လို့ လူသိများတဲ့ မင်းသမီး Ek Socheata ကို တိုက်ခိုက် ခံရတဲ့ ဗီဒီယို အကြောင်း ကမ္ဘော ဒီးယား သတင်း မီဒီယာ တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ ခဲ့ပါတယ်။
ကမ္ဘောဒီးယားမှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု တွေကို သိပ် အလေးထားလေ့ မရှိပေမယ့် လူထု ကြားမှာ ပျံ့နှံ့ခဲ့တဲ့ ဒီဗီယို ကြောင့် လူတွေ စိတ်ဆိုး ဒေါသ ဖြစ်ခဲ့ကြ ပါတယ်။




