ဒေါ်လာစျေးမတက်အောင် ထိန်းချုပ်ဖို့ ဗဟိုဘဏ်ကြိုးစား

_dollars_cash

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, တခါ ထုတ်ရင် ဒေါ်လာ ၅ ထောင် ပဲ ထုတ် ရမယ်။

အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာ မှာ မြန်မာ ကျပ် ငွေ တန်ဖိုး ဆက်လက် ကျဆင်း နေတာ ကို ထိန်းချုပ် နိုင်ဖို့ ရည်ရွယ်ပြီး ဗဟိုဘဏ် က ကန့်သတ်ချက် တချို့ ချမှတ် လာပါတယ်။

နိုင်ငံခြား သုံးငွေ ဘဏ်စာရင်း ဖွင့်လှစ် ထားသူတွေ ကို တစ်ပတ် ကို ၂ ကြိမ် သာ ငွေထုတ် ခွင့် ပေးပြီး တခါ ထုတ်ရင် လည်း ဒေါ်လာ ၅ ထောင် ပဲ ထုတ် ရမယ် လို့ ကန့်သတ် လိုက် သလို ပြည်တွင်း လုပ်ငန်း တွေမှာ ငွေပေး ချေ တဲ့ အခါ လည်း နိုင်ငံခြား ငွေမသုံး ရပဲ ကျပ်ငွေ သုံးစွဲ ရမယ် လို့ ဗဟိုဘဏ် က ထုတ်ပြန် ပါတယ်။

ပြည်တွင်း မှာ ဒေါ်လာ လိုအပ်ချက် မြင့်မား လာပြီး ကျပ်ငွေ ရဲ့ အသုံးဝင် မှု ကဏ္ဍ လျော့ကျ နေရင် ငွေလဲနှုန်း မတည်မငြိမ် ဖြစ်ပြီး ဘဏ္ဍာရေး ဆိုင်ရာ ထိခိုက် မှု တွေ ဖြစ်စေ နိုင်တယ် လို့ ဗဟိုဘဏ် က အကြောင်း ပြ ချက် ပေး ပါတယ်။

ဒါပေမယ့် ဒီ လို ဖြေရှင်း ပုံ ဟာ ရေတို အတွက် သာ အလုပ် ဖြစ် နိုင်ပြီး ၊ ဒေါ်လာ ကို အစိုးရ က လိုသလောက် ထုတ်ပေး နိုင်မှသာ မျှော်မှန်း ထား သလို စျေး ကို ထိန်း နိုင် လိမ့်မယ် လို့ မြန်မာနိုင်ငံ ဘဏ်များ အသင်း ဥက္ကဌ ဦးသိန်းထွန်း က သုံးသပ် ပါတယ်။

အမေရိကန် ဒေါ်လာ နဲ့ ကျပ်ငွေ လဲလှယ်နှုန်းဟာ သင်္ကြန် မတိုင်ခင်တုန်း က တစ်ဒေါ်လာ ကို ၉၀ဝ ကျော် ရှိရာ ကနေ အခုတော့ တစ်ဒေါ်လာ ကို ၁၁၄၀ ဈေး ပေါက်နေတာ ဖြစ်ပါတယ်။