တ​နိုင်ငံ​လုံး အပစ်​ရပ် သဘောတူ​ရေး ဆွေးနွေး​ပွဲ ပြန်စပြီ

uaungmin_ukhinyi_ukhinmgsoe
ဓာတ်ပုံ ပုံစာ, တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု ရရေး ၇ ကြိမ်မြောက် တွေ့ဆုံကြမယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ ရေး စာချုပ် ချုပ် ဆိုနိုင်ရေး ဆွေးနွေး ဖို့ တိုင်းရင်းသား လက်နက် ကိုင် တွေ ရဲ့ တပ် ပေါင်း စု အဖွဲ့ NCCT နဲ့ အစိုး ရ ရဲ့ UPWC တို့ အင်္ဂါနေ့ မနက် ရန်ကုန် က မြန်မာ ငြိမ်းချမ်းရေး စင်တာ မှာ တွေ့ဆုံ ကြပါလိမ့်မယ်။

အစိုးရ နဲ့ တိုက်ပွဲတွေ ဖြစ်လာ နေခဲ့တဲ့ ကချင် လက်နက်ကိုင် KIA အဖွဲ့ လည်း NCCT အဖွဲ့ဝင် အနေနဲ့ ပါဝင် ဆွေးနွေး ဖို့ ကြိုတင် ရောက် ရှိနေခဲ့ပြီး တနင်္လာနေ့ က တော့ နေပြည်တော် မှာ သမ္မတ ၊ ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ သီးခြားစီ တွေ့ဆုံ ထားပါတယ်။

အရင် ဆွေးနွေးပွဲ တွေ မှာ လေ့လာသူ အဖြစ် တက်ရောက် လေ့ ရှိတဲ့ ဝပြည် သွေးစည်း ညီညွတ် ရေး တပ်မတော် UWSA က တော့ တက်ရောက် မှာ မဟုတ်ပါဘူး။

ဒေသတွင်း လုပ်ကိုင် စရာ တွေ နဲ့ တိုက်ဆိုင် နေချိန် ဖြစ်လို့ မတက် ရောက်နိုင်တာ ဖြစ်သလို ကိုးကန့် စစ်ပွဲနဲ့ ပတ်သက်လို့ အစိုးရ ရဲ့ ပြောဆို မှု တွေ အပေါ် အဆင်မပြေ တာတွေ အနည်း ငယ်ရှိခဲ့တယ် လို့ UWSA ပြောခွင့်ရ ဦးအောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

အခု လတ်တလော မှာ ဖြစ်ပေါ်ခဲ့တဲ့ ကိုးကန့် ဒေသ စစ်ပွဲ တွေ မှာ ဝ တပ်တွေ လည်း ဦးဖုန်ကြားရှင် အဖွဲ့တွေ နဲ့ ပူးပေါင်း တိုက် ပေးခဲ့တယ် ဆိုပြီး အစိုးရ စစ်တပ် က စွပ်စွဲ မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အစိုးရ စစ်ဘက် ကနေ UWSA ရဲ့ ဗဟိုကော်မတီ ဝင် တစ်ယောက် ကို သူတို့ အနေနဲ့ သတင်း မှား တွေ ရခဲ့လို့ မှားယွင်း ပြောဆိုခဲ့ကြောင်း ခေါ်ယူ ရှင်းပြထားတယ် လို့ ဦးအောင်မြင့် က ဆိုပါတယ်။