ဗကသခေါင်းဆောင်တွေ ဖမ်းဆီးခံရ

ဒီမိုကရေစီ ပညာရေးသပိတ် ကို ဦးဆောင်ခဲ့ တဲ့ ဗကသ ကျောင်းသား တချို့ ကြာသပေတေး ည သန်းခေါင်ကျော် မှာ အာဏာပိုင် တွေ ရဲ့ လာရောက် ဖမ်းဆီး တာ ခံခဲ့ရ ပါတယ်။
အလုံ မြို့နယ် အောင်ဇေယျာလမ်း ထဲ က လိပ်စာ ကို ရဲတွေ ကား ၂ စီး တိုက် ရောက်လာပြီး ဝင်ရောက် ဖမ်းဆီးတာ မှာ ဗကသ ဒုဥက္ကဌ မိုးထက်နေ ၊ ဗဟိုလုပ်ငန်း ကော်တီ ဝင် တဲ့ ဖြစ်တဲ့ မဟန်နီဦး၊ ကိုသီဟဝင်းတင် တို့နဲ့ အတူ အဲဒီမှာ ရှိနေတဲ့ သတင်းသမား တစ်ဦး အပါအဝင် နောက်ထပ် ဗကသ ကျောင်းသား တစ်ဦး စုစုပေါင်း ၅ ဦး အဖမ်း ခံခဲ့ ရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ က လက်ပံတန်း သပိတ်စစ်ကြောင်း အင်အားသုံး ရိုက်နှက် ဖြိုခွင်း ခံခဲ့ရ ပြီး တဲ့နောက် ရှောင်တိမ်း နေရ တဲ့ အဆိုပါ ဗကသ ခေါင်းဆောင် တချို့ ရှိရာ အလုံ လိပ်စာ ကို ရဲတပ်ဖွဲ့ တွေ က အတိတကျ လာရောက် ပိတ်ဆို့ ဖမ်းဆီး ခဲ့တာ ဖြစ်တယ် ဆိုပြီး မျက်မြင် သက်သေ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။
ဖမ်းဆီး ပြီးတဲ့ နောက် အလုံ မြို့မ ရဲစခန်း ကို ခေါ်ဆောင် သွားခဲ့ ကြပါတယ်။
ရဲစခန်း ရှေ့ ရောက်နေ ကြ တဲ့ ကျောင်းသား တွေ ရဲ့ မိဘ ဆွေမျိုးတွေ နဲ့ ဘီဘီစီ စကား ပြောခဲ့တာ မှာ တော့ ဘယ်လို ပုဒ်မ တပ်ပြီး ဖမ်းဆီး ခဲ့တာလဲ ၊ ဘယ် နေရာ တွေ ကို ထပ်ခေါ် သွားဦး မလဲ စတဲ့ အချက် တွေ ကို ရဲတွေ ဘက်က ဘာတစ်ခု မှ အတည်ပြု မပြောသေးဘူး ဆိုပြီး မဟန်နီဦး ရဲ့ ဖခင် ဦးထွန်းဦး က ပြောပါတယ်။
လက်ပံတန်း သပိတ်စစ် ကြောင်း ကနေ ဖမ်းဆီး ခံခဲ့ရ တဲ့ ကျောင်းသား တချို့ တော့ မနေ့ က ပြန်လွတ် လာပါတယ်။
နောက်ကွယ် က ကြိုးကိုင်သူ တွေ အားပေး အားမြောက် ပြုလုပ် သူတွေ ကို ဥပဒေ အရ အရေး ယူမယ် ဆိုပြီး တော့ လည်း ပြည်ထဲရေး ဌာန က ထုတ်ပြန် ထားပါတယ်။




