အိန္ဒိယဝန်ကြီးချူပ် မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်။

ဓာတ်ပုံ ရင်းမြစ်, AP
ရှေ့လာမယ့် သီတင်းပတ် အတွင်း အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ ကို ပါဝင် တက်ရောက်ဖို့ အိန္ဒိယ ဝန်ကြီးချူပ် နရိန္ဒရာ မိုဒီဟာ မြန်မာပြည် ကို ရောက်လာမှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ရှိစဉ် မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ဝန်ကြီးချူပ် မိုဒီ တွေ့ဆုံ သွားမယ် လို့ အိန္ဒိယရဲ့ ပြည်ပရေးရာ ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Syed Akbaruddin က အတည်ပြု ပြောဆို ပါတယ်။
ဝန်ကြီးချူပ် မိုဒီဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ စီစဉ် ထားပါတယ်။
မြန်မာပြည်ဟာ အိန္ဒိယနိုင်ငံ အဖို့ရာ လုံခြုံရေး အတွက်ရော အရှေ့တောင်အာရှ ဒေသကြီးကို ဆက်သွယ်ရာ တံခါးပေါက် အဖြစ်နဲ့ရော အရေးပါတဲ့ အိမ်နီးချင်း ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
အိန္ဒိယ၊ မြန်မာ၊ ထိုင်းနိုင်ငံ တို့ကို ဆက်သွယ်ပေးမယ့် ကီလိုမီတာ သုံးထောင့်နှစ်ရာ ရှည်မယ့် အဝေးပြေး လမ်းမကြီး တည်ဆောက်မှု လည်း ပြုလုပ်လျှက် ရှိပါတယ်။




