၂၀၁၅ မှာ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမယ်

ဓာတ်ပုံ ရင်းမြစ်, burmese
၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပဖြစ်အောင် ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ပြောပါတယ်။
လာမယ့်နှစ် အောက်တိုဘာ လကုန် မဟုတ်ရင် နိုဝင်ဘာ လဆန်းမှာ ကျင်းပ သွားမယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကမြန်မာ နိုင်ငံတွင်းက လူမှု အဖွဲ အစည်းတွေနဲ့ တွေ့ဆုံ အပြီး ဘီဘီစီကို ပြောခဲ့ ပါတယ်။
တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မှု မရှိရင် ၂၀၁၅ မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မသေချာဘူးလို့ သမ္မတ ဦးသိန်းစိန်က လစဉ် ပြည်သူကို ပြောတဲ့ မိန့်ခွန်းမှာ ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲ ကော်မရှင်က အခုလို အာမခံ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
လွှတ်တော် ပထမ သက်တမ်းက ၂၀၁၆ ဇန်နဝါရီ လ ၃၁ ရက် နေ့မှာ ကုန်ဆုံးမှာ ဖြစ်တဲ့ အတွက် လွှက်တော် ဒုတိယ သက်တမ်း ခေါ်နိုင်အောင် ရွေးကောက်ပွဲ ကို အဲဒီထက် နောက်ကျ ရွှေ့ဆိုင်းဖို့ အကြောင်း မရှိဘူးလို့လည်း ဦးတင်အေးက ပြောပါတယ်။
ပြည်သူ့ လွှက်တော်က တာဝန်ပေး ထားတဲ့ မြန်မာ နိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲ စနစ် လေ့လာသုံးသပ်ရေး ကော်မတီက အောက်တိုဘာလ ၂၁ ရက် အင်္ဂါနေ့မှာ လွှက်တော်ကို အစီ ရင်ခံစာ တင်သွင်းဖို့လည်း ရှိပါတယ်။
အဲဒီထဲက PR ခေါ် အချိုးကျ ကိုယ်စားပြု စနစ်ကို လွှတ်တော်က အတည်ပြု လိုက်ရင် ၂၀၁၅ ရွေး ကောက်ပွဲ အချိန်မီ ကျင်းပ နိုင်ပါ့ မလားလို့ နိုင်ငံရေး အကဲခတ်တွေ ကလည်း သုံးသပ် ပြောဆိုနေကြပါတယ်။
PR စနစ်ကို အတည်ပြု ပြီး ဖြစ်တဲ့ အမျိုးသားလွှတ်တော် မှာတော့ ဥပဒေကြမ်း အတွက် ဆွေးနွေး ကြတော့မှာ ဖြစ်ပါတယ်။
လွှတ်တော်မှာ PR စနစ်ကို အတည်ပြုလိုက်လို့ ပြောင်းလဲ ကျင့်သုံးရမယ် ဆိုရင်လည်း အချိန်မှီ ပြင်နိုင်အောင် ကော်မရှင် ကပြင်ဆင် ထားတယ်လို့ ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။








