၈၈ မျိုးဆက် နဲ့ ကင်တားနား တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, AP
၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟဲကင်တားနား တွေ့ ရာမှာ ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုကိုကြီး က မြန်မာ့ အရေး ကို ကြိုးစား လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း ပြောပြပါတယ်။
မစ္စတာ ကင်တားနား ကလည်း ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ ဖြတ်သန်း အနစ်နာခံမှု တွေ ကို လေးစား အသိအမှတ် ပြုတါ ပြောတဲ့ အကြောင်း၊ ကိုကိုကြီး က ဘီဘီစီ ကို ပြောပါတယ်။
ကိုကိုကြီးတို့ ဘက်က တင်ပြတဲ့ အထဲမှာ နိုင်ငံတွင်း လူသား အရင်းအမြစ် ရှားပါးတဲ့ အခါမှာ အထူးသဖြင့် နိုင်ငံရေး နယ်ပယ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ကျန်နေသေးတဲ့ ကိစ္စ၊ ပြည်ပရောက် မြန်မာ့ နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေ သိက္ခာ ရှိရှိ နဲ့ အာမခံချက် အပါအဝင် ပြန်လာနိုင်ရေး တွေ ပါဝင်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
လက်ရှိ အပြောင်းအလဲ နဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ရဲ့ ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အုပ်ချုပ်ရေး စနစ် တို့ကို ကြိုဆိုကြောင်း၊ လက်တွေ့ အနေအထား အရ အောက်ခြေလူထု အထိ အကျိုးသက်ရောက်မှု ရှိအောင် ပူးပေါင်းဆောင်ရွက် လိုတာတွေလည်း ကိုကိုကြီး က တင်ပြခဲ့ပါတယ်။
အခုလို ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက် ရာမှာလည်း ဌာန ဆိုင်ရာ အဖွဲ့အစည်း တွေ အနေနဲ့ စိုးရိမ် ကြောင့်ကျမှု မရှိစေဖို့လည်း မျှော်လင့်ကြောင်း မစ္စတာ ကင်တားနား ကို ပြောခဲ့တာတွေ ကိုကိုကြီး က ဘီဘီစီ ကိုပြောပါ ခဲ့ပါတယ်။




