အပစ်ရပ် ခြောက်ဖွဲ့ပေါင်းပြီး စစ်တပ်ကို ပြန်တိုက်မယ်

 စစ်တပ်ကို ပြန်တိုက်ဖို့ KIA စစ်သားတွေ Bunker ဆောက်နေပုံ
ဓာတ်ပုံ ပုံစာ, စစ်တပ်ကို ပြန်တိုက်ဖို့ KIA စစ်သားတွေ Bunker ဆောက်နေပုံ

နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေး ခံနေရတဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့ ၆ဖွဲ့ဟာ မြန်မာ စစ်အစိုးရကို ပူးပေါင်းဆန့်ကျင်ဖို့ သဘောတူညီချက် ရခဲ့တယ်လို့ သိရပါတယ်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ( Karen National Liberation Army ), ကရင်နီ တပ်မတော် ( Kareni Army ), ကရင် အမျိုးသား အစည်းအရုံး KNU ( Karen National Union ) , ကရင် ငြိမ်းချမ်းရေး ကောင်စီ KNLA PC ( Karen National Liberation Army Peace Council ) , အက်စ်အက်အေ မြောက်ပိုင်း SSA - N ( Shan State Army-North ) နဲ့ KIA ( Kachin Independence Army ) အဖွဲ့တွေဟာ စစ်အစိုးရရဲ့ ဖိအားပေးမှုကို စုပေါင်းပြီး ရင်ဆိုင်ချေမှုန်းဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

အခု သဘောတူညီချက် ရယူထားတဲ့ အဖွဲ့တခုခုကို စစ်တပ်က တိုက်လာရင် ကျန်တဲ့အဖွဲ့တွေ အားလုံးက ဝိုင်းကူပြီး စစ်အစိုးရကို ပြန်တိုက်ကြမယ်လို့ ဆုံးဖြတ်ခဲ့ ကြကြောင်း နယ်စပ်က သတင်း ရရှိပါတယ်။