နယ်ခြားစောင့်ရဲစခန်း ၃ ခု တိုက်ခိုက်မှု အပြီး ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်ကန့်သတ်မှုတွေ ပိုများလာတယ်လို့ လူအခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
အာဆာအဖွဲ့ တိုက်ခိုက်မှုအပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ စတင်ခဲ့ပါတယ်။
အင်းဒင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စုံစမ်းခဲ့တဲ့ ရိုက်တာ သတင်းသမား ၂ ယောက် အဖမ်းခံခဲ့ရပါတယ်။
အနည်းဆုံး ရိုဟင်ဂျာ ၂၄,၀၀၀ သတ်ဖြတ်ခံရပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၈,၀၀၀ ဟာ အုပ်စုလိုက် အဓမ္မပြုကျင့်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံခဲ့ရတယ်လို့ လေ့လာမှု တစ်ခုက ဖော်ထုတ်ခဲ့ပါတယ်။
မူပိုင်ခွင့် Getty Images အင်းဒင် လူသတ်မှုကို တပ်မတော်က ဝန်ခံခဲ့ပြီး ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ စစ်သား ၁၀ ဦး ကို ထောင်ဒဏ် အပြစ် ပေးခဲ့ပါတယ်။
နိုင်ငံတကာ က အဖွဲ့ဝင် ၂ ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ခုကို မြန်မာ အစိုးရက ဖွဲ့စည်းခဲ့ပေမယ့် ဒီကော်မရှင်က အခု အချိန်အထိ တစ်စုံတစ်ရာ ရလဒ် အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။
ရခိုင်က ရိုဟင်ဂျာတွေ အပေါ် မြန်မာ စစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ကနေ ရိုဟင်ဂျာ ၇၀၀,၀၀၀ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် ဘက်မှာ ခိုလှုံ နေရတယ်လို့ ကုလ သမဂ္ဂ ရဲ့ အစီရင်ခံစာတွေက ပြောပါတယ်။
မူပိုင်ခွင့် Getty Images ၂၀၁၇ ခုနှစ် က ရခိုင်မြောက်ပိုင်း မှာ ဖြစ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ပြစ်မှုကျူးလွန်ခဲ့သူ စစ်သား ၇ ဦးကို ထောင်ကနေ စောလွှတ်ပေးခဲ့ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ မှတ်တမ်းတွေအရ ရိုဟင်ဂျာ ဒုက္ခသည် အရေ အတွက်ဟာ ၉၁၄,၉၉၈ ရှိပြီး အိမ်ထောင်စုပေါင်း ၂၁၁,၃၈၃ ရှိနေပါတယ်။
မူပိုင်ခွင့် Getty Images မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် ကို ချိုးဖောက်တယ်လို့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့က ကောက်ချက်ဆွဲ ထားပါတယ်။
မြန်မာနိုင်ငံကို ရိုဟင်ဂျာ မွတ်ဆလင် တွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ကုလ သမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးမှာ ဂမ်ဘီယာက တရားဝင် တရားစွဲဆိုလိုက်ပါတယ်။
အိုင်စီဂျေ တရားရုံးရဲ့ ပထမဆုံး အကြိမ် ကြားနာပွဲမှာ မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခုခံချေပပါမယ်။
ရိုဟင်ဂျာတွေ အပေါ် လက်ထပ် ခွင့် ကန့်သတ်ကာ ဒုက္ခသည် စခန်းတွေမှာ ပိတ်လှောင်ထားတဲ့ အပြင် အောက်တိုဘာ ၂၀၁၆ ခုနှစ်နဲ့ သြဂုတ်လ ၂၀၁၇ ခုနှစ် ကြားမှာ လူမျိုးတုံး ဆောင်ရွက်ချက်တွေကို ဆောင်ရွက်ပြီး ရွာပေါင်း ၃၀ ကျော် ဖျက်ဆီးခဲ့တယ်လို့ မြန်မာနိုင်ငံကို ဂမ်ဘီယာဘက်က စွပ်စွဲထားပါတယ်။
မူပိုင်ခွင့် AFP မြန်မာဘက်ကလည်း ဒီစွပ်စွဲချက်တွေကို တုံ့ပြန်ပါတယ်။
နှစ်ဖက်ပါဝင် ဒုတိယအကြိမ် ကြားနာပွဲ ကျင်းပပါမယ်။ တရားရံုံး ဆုံးဖြတ်ချက် ကျဖို့ကတော့ နှစ်အတန်ကြာ ကြာမြင့်နိုင်ပြီး တရားခွင်ကို အများပြည်သူ နားထောင်နိုင်ဖို့ စီမံထားပါတယ်။ တရားရုံး ဆုံးဖြတ်ချက် ကျခဲ့ရင် ဒီဆုံးဖြတ်ချက်က နောက်ဆုံး ဖြစ်ပြီး နှစ်ဖက်လုံးက ပြန်လည် ချေပခွင့် မရှိပါဘူး။
မူပိုင်ခွင့် AFP