နောင်ချို ဂုတ်တွင်း တံတား သြဂုတ်လ၂၀ ရက်နေ့လယ်ပိုင်း ဖွင့်မယ်။

မိုင်းခွဲဖျက်စီးခံရ လို့ သုံးပုံးနှစ်ပုံ လောက် ပျက်စီး သွားတဲ့ ဂုတ်တွင်း တံတားပေါ်မှာ အသစ်ထိုးထားတဲ့ ဘေလီတံတား ကို သြဂုတ်လ ၂၀ ရက်နေ့လယ်ပိုင်း မှာ ပြန်ဖွင့်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအုန်းလွင် က ဘီဘီစီကို ပြောပါတယ် ။

"အိမ်စီးကားတွေ ကုန်ကားတွေ ဖြတ်လို့ရမှာပါ တွဲကားတော့ မရဘူး "လို့လည်း ဦးအုန်းလွင်ကပြောပါတယ်။

နောင်ချိုမြိုနဲ့အထွက် ၁ မိုင်လောက်ဝေးတဲနေရာမှာ ရှိတဲ့ ဒီတံတားဟာ သြဂုတ်လ ၁၅ ရက်နေ့ က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပြီး မိုင်းခွဲ ခံရတာ ဖြစ်ပါတယ် ။

သြဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းအထိ တံတားက ရာခိုင်နူန်းအားဖြင့်တော့ ၇၅ ရာခိုင်နှူန်းလောက်တော့ ပြီးနေပါပြီ မနက်ဖြန်ဖွင့်နိုင်မယ် လို့ ယူဆပါတယ် လို့နောင်ချိုမြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင် က ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ ကပြင်ဦးလွင်နဲ့ နောင်ချိုမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအပြီး ဂုတ်တွင်းတံတားမိုင်းခွဲခံရတာကြောင့် မန္တလေးကနေ မူဆယ်သွားတဲ့ လမ်းမပေါ်မှာ ကားတွေရာနဲ့ချီပြီး ပိတ်မိနေပါတယ်။

ဂုတ်တွင်းတံတားက သြဂုတ်လ ၁၉ ရက်နေ့အထိတော့ တံတားဘေးဘောင် တွေ တပ်တာ ပြီးစီးတာတွေ့ရ ပြီးအောက်က ကြမ်းခင်းခင်းနေတုန်းဆိုတော့ သြဂုတ်လ ၂၀ ရက်နေ့ အစောဆုံးနေ့လယ်ပိုင်းလောက် မှ ဖွင့်ဖို့ဖြစ်နိုင်မယ် ထင်တယ် လို့ နောင်ချို မြို့ခံ တစ်ဦးကပြောပါတယ်။

တံတား အသစ် ကဘေလီတံတားဖြစ်ပြီး နှစ် လမ်းသွားလို့တာ၀န်ရှိသူတွေကပြောပါတယ်။

တံတား ခံနိုင်ရည် ဝန်ကို စမ်းသပ်မောင်းနှင် တာတွေ တော့ မလုပ်ရသေးသလို တံတားချည်းကပ်လမ်းတွေ မခင်းရသေးဘူးလို့နောင်ချိုမြို့ခံ တစ်ဦးကပြောပါတယ်။

သြဂုတ်လ ၂၀ရက် မနက်ပိုင်းလောက်မှာတံတား ခံနိုင်ရည်ဝန်ကို စမ်းသပ်မှုတွေလုပ် ဖို့ ရှိတယ် လို့လည်းဆောက်လုပ်ရေးဝန်ကြီးဌာန ဘက် ကနေ သိရပါတယ်။

အသစ်ဖွင့်မယ့် ဘေလီတံတားဟာခံနိုင်ရည် ၃၆ တန်လောက် ရှိမယ် လို့ ယူဆရတယ် လို့ တံတားဆောက်လုပ်ရေးလုပ်ငန်း ခွင်နဲ့ နီးစပ်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ် ။

တံတားအသစ် ကအခု ပုံအတိုင်းဆိုရင် တော့ တွဲကားတွေ ဖြတ်နိုင်မှာ မဟုတ်ဘူး ၁၂ ဘီး ကားတော့ သေချာပေါက်ရမယ် ၊ပိတ်နေတဲ့ ကားတွေဦးစားပေးလွှတ်မယ် လို့ လည်းကုန်ကားသမားတွေကနေတစ်ဆင့် သတင်းရကြောင်းလည်း ဘုရင့်နိုင်ပွဲရုံ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ် ။

ဂုတ်တွင်းတံတားဖျက်ဆီးခံရလို့ မန္တလေး- ကျောက်မဲ-လားရှိုး- မူဆယ်လမ်းပိုင်းမှာ သွားလာနိုင်ခြင်းမရှိသလို မူဆယ်၊လာရှိုးနဲ့ကျောက်မဲတို့ကနေ ထွက်လာတဲ့ ကားတွေဟာ ကျောက်မဲမြို့နယ်ရှိ ရှုခင်းသာနှင့် နောင်မော်ကျေးရွာတွေမှာ ရပ်တန့်စောင့်ဆိုင်းနေကြပါတယ်။

မန္တလေး ဘက်က ကားတွေက တော့ပြင်ဦးလွင်က နေစောင့်နေကြတာဖြစ်ပါတယ်။