ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သီရိလင်္ကာ အကြမ်းဖက်ဗုံးခွဲမှု ဆက်စပ်သံသယရှိသူကို ရန်ကုန်မှာဖမ်းမိ
သီရိလင်္ကာနိုင်ငံ မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဗုံးခွဲမှုနဲ့ပတ်သက်ပြီး ဆက်စပ်သံသယ ဖြစ်ဖွယ် နိုင်ငံခြားသားတစ်ဦး ဒီကနေ့ ညနေပိုင်းက ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်း ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးတစ်ဦးက ဘီဘီစီကို အတည်ပြု ပါတယ်။
"အသေးစိတ်ကတော့ မသိရသေးဘူး။ ကျောက်တံတားစခန်းကိုမေး" လို့ လည်းသူကပြောပါတယ်။
ကျောက်တံတားစခန်းဘက်ကတော့ အသေးစိတ်ထုတ်ပြောတာ မရှိပါဘူး။
သီရိလင်္ကာက အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်နေတဲ့ အဗ္ဗဒူလ် ဆလမ် အာရှတ် မာမွတ်ဆိုသူဟာ မြန်မာနိုင်ငံထဲ ရှိနေတဲ့ အတွက်၊ တည်းခိုဆောင်တွေ၊ ဟိုတယ်တွေ သတိထားကြပါ ၊ တွေ့ရင် သတင်းပို့ကြပါ ဆိုပြီး အစိုးရက သတိပေးစာထုတ် ညွှန်ကြား ထားခဲ့တဲ့နောက် အခုလို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီသူဟာ မြန်မာနိုင်ငံထဲ နေထိုင်ခွင့် ဗီဇာ ကျော်လွန် နေထိုင်နေတာ တစ်နှစ် ကျော်နေပြီလို့ အစိုးရ သတိပေးစာထဲ ဖော်ပြထားပါတယ်။
သီရိလင်္ကာ အသေခံ ဗုံးခွဲမှုတွေဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်လို့ မြန်မာနိုင်ငံထဲ ရောက်နေတယ် ဆိုတဲ့သူနဲ့ ဘယ်လို ဆက်စပ်နေလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဲဒီနိုင်ငံခြားသားဟာ ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလအတွင်း ရန်ကုန်လေဆိပ်ကနေ ဝင်ရောက်ခဲ့တာဖြစ်ပြီး လပေါင်း၁၄ လခန့်အထိရန်ကုန် လေဆိပ်ကနေ ပြန်လည်ထွက်ခွာ ခြင်းမရှိတာကို စိစစ်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် ဟိုတယ်တွေနဲ့ တည်းခို ရိပ်သာတွေအနေနဲ့ အဲဒီနိုင်ငံခြားသား တည်းခိုခဲ့တာ ရှိ မရှိကို အကြောင်းကြားပေးဖို့ မနေ့ ကရက်စွဲနဲ့ ဟိုတယ်နဲ့ခရီးသွားဌာနက စာထုတ်ထားပါသေးတယ်။
အဲဒီနောက် မေလ ၂၃ ရက်မှာတော့ ရန်ကုန်မှာ ဖမ်းမိခဲ့တာဇြစ်ပါတယ်။