ရိုက်တာ သတင်းထောက် နှစ်ဦးကို လျှို့ဝှက်ဥပဒေ ဖောက်ဖျက်မှုနဲ့ စွဲချက်တင်

ရိုက်တာ ,နိုင်ငံတော်လျှို့ဝှက် ဥပဒေ ,ဖောက်ဖျက်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရိုက်တာ သတင်းထောက် နှစ်ဦးကို လျှို့ဝှက်ဥပဒေ ဖောက်ဖျက်မှုနဲ့ စွဲချက်တင်

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုသက်ဦးမောင် ( ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက် ဥပဒေဖောက်ဖျက်မှုနဲ့ စွဲချက်တင်ဖို့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ဇူလိုင်လ ၉ ရက်နေ့မှာ အမိန့်ချခဲ့ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးဟာ ရခိုင်မြောက်ပိုင်း မောင်တောဒေသ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာတွေ လက်ဝယ်တွေ့ရှိလို့ ဆိုတဲ့ ကိစ္စနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ကို ဖမ်းတုန်းက ရခိုင်ပြည်နယ် မောင်တော ဒေသက မြင်းလွတ် ရဲစခန်းရဲ့မြေပုံကြမ်း စာရွက်နဲ့ အမှတ် ၈ လုံခြုံရေးတပ်ရဲ့ ကွပ်ကဲ ဒေသမှာ ရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင်မှု အခြေအနေ အပါအဝင် လူနေထိုင်မှုဆိုင်ရာ အခြေအနေတွေကို ဖော်ပြထားတဲ့ စာရွက် တွေ့ရတဲ့အတွက် သတင်းသမား နှစ်ယောက်ဟာ သတင်း အချက်အလက်ကို တရားမဝင်ယူဖို့ ကြိုးစားတယ်ဆိုပြီး လျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ အစိုးရက တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဖမ်းဆီးခံသားအတွက် မိခင်တဦးရဲ့ သောက

ရခိုင်ပြည်နယ်မြောက်ပိုင်းအင်းဒင်က ရွာသား ၁၀ယောက် အသတ်ခံရတဲ့ အကြောင်းကို ရိုက်တာသတင်းထောက်နှစ်ယောက် ရေးသားထားတဲ့သတင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဖမ်းဆီးခံသတင်းထောက် နှစ်ယောက်ဟာ နိုင်ငံတကာက ပေးအပ်တဲ့ ဆုတွေလည်း ရခဲ့ပါတယ်။

ဂျပန်သတင်းဌာန NHK နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည် က ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ ရခိုင်ပြည်နယ် သတင်းလိုက်လို့ အဖမ်းခံရတာ မဟုတ်ဘူးလို့ ပြောဆိုသွားပေမယ့် အဲဒီသတင်းထောက်နှစ်ယောက်ဟာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်တယ်လို့ အခိုင်အမာပြောဆိုသွားပါတယ်။

ဗီဒီယို ပုံစာ, ရိုက်တာ သတင်းထောက်တွေကို စွဲချက်တင်