အလုပ်သမားအရေး ထိုင်းဥပဒေသစ် စအသက်ဝင်

ဓာတ်ပုံ ရင်းမြစ်, EPA
ထိုင်း အလုပ်သမား ဝန်ကြီးက မြန်မာ အပါ အဝင် လာအို နဲ့ ကမ္ဘောဒီယား အလုပ်သမား သံအရာရှိတွေကို တနင်္ဂနွေ နေ့မှာ ခေါ်တွေ့ပြီး၊ နိုင်ငံခြားသား အလုပ်သမား ဆိုင်ရာ ဥပဒေ သစ်အတိုင်း သက်ဆိုင်ရာ ဌာန တွေက ဆောင်ရွက် တော့မှာ ဖြစ်တယ် လို့ ပြောကြား လိုက် ပါတယ်။
တရားမဝင် နိုင်ငံခြားသား အလုပ် သမားတွေ အတွက် အထောက် အထား လုပ်ဖို့ ၂၀၁၇ ခုနှစ် ကစပြီး လုပ်ပေး ခဲ့ရာမှာ၊ ဇွန်လ ၃၀ ရက် နေ့မှာ သတ်မှတ်ချိန် ကုန်ဆုံး သွားပြီ ဖြစ်ပါတယ်။
အဲဒီ ကာလ အတွင်း ရာခိုင်နှုန်း ပြည့်နီးပါး အလုပ်သမားတွေ တရားဝင် ဖြစ်ရေး ဆောင်ရွက် ပေးနိုင် ခဲ့တယ်လို့ ထိုင်း ဝန်ကြီး က အဲဒီ တွေ့ဆုံပွဲမှာ ပြောပါတယ်။
တကယ်တမ်း မှာက ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမား ခန့်မှန်းခြေ ၃ သန်း ကနေ ၄ သန်း အကြား ရှိနေတာ ဖြစ်လို့ ဒီလူတွေ အားလုံး အထောက် အထား လက်မှတ် ရခဲ့ပြီလား ဆိုတာက မေးစရာ ဖြစ်နေ ပါတယ်။
ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ်မှာ ထိုင်း အစိုးရက ကောက်ခံ ခဲ့တဲ့ အလုပ်သမား စာရင်း အရ ကြည့်ရင် အပြည့်အဝ ဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ လက်မှတ် မရှိလို့ မြန်မာ အလုပ် သမားတွေ အဖမ်း ခံရမယ် ဆိုရင်၊ မြန်မာနိုင်ငံကို အေးအေး ဆေးဆေး ပြန်နိုင်ရေး အတွက် မြန်မာ အလုပ်သမား သံအရာရှိ တွေကို ဆက်သွယ် အကြောင်း ကြားဖို့ ဒီတွေ့ဆုံပွဲမှာ မြန်မာ ဘက်က တောင်းဆို ခဲ့ပါတယ်။
ဒါကို ထိုင်း အလုပ်သမား ဝန်ကြီးက ဒီဆွေးနွေးပွဲမှာပဲ တခါတည်း လက်ခံပြီး၊ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့တွေ ဖွဲ့ဖို့ ညွှန်ကြား ခဲ့တယ်လို့ အစည်း အဝေးကို တက်ရောက် ခဲ့တဲ့ မြန်မာ အလုပ် သမား သံအရာရှိ ဦးစန်းမောင်းဦးက ပြောပါ တယ်။
ဒီတော့ ထိုင်းနိုင်ငံမှာ လက်ရှိ အထောက် အထား မပြည့်စုံ သေးတဲ့ မြန်မာ အလုပ် သမားတွေ အနာဂတ် က ဘယ်လို ဖြစ်လာ မလဲ။
လက်ရှိမှာ MOU U-Turn (မန်အိုယူ - ယူတန်း)စနစ် ကို လုပ်ထား တာရှိကြောင်း သံအရာရှိ ဦးစန်းမောင်းဦးက ပြော ပါတယ်။
အဲဒီ စနစ်အရ သက်ဆိုင်ရာ အလုပ်ရှင် ကနေ သူ့ဆီမှာ ရှိနေတဲ့ အလုပ်သမား အတွက် အထောက်အထား လုပ်ချင်တယ် ဆိုရင် (လျင်) နိုင်ငံခြားသား အလုပ် သမား ခေါ်မယ် ဆိုတဲ့ စာ နဲ့ အလုပ်သမား သံအရာရှိ ရုံးကို ပို့ ပေးရမှာ ဖြစ်ပါတယ်။
အဲဒီ စာရတာနဲ့ ဆောင်ရွက်ပေးလို့ ရကြောင်း၊ ဒါပေမယ့် အလုပ်သမား ကတော့ ဒီစာနဲ့ မြန်မာ နိုင်ငံ ကို ပြန်ပြီး နိုင်ငံကူး လက်မှတ် လုပ်ကာ၊ ဘားအံမှာ စာချုပ် ချုပ်ပြီး၊ မြဝတီမှာ စမာ့တ်ကတ် ထုတ်ယူကာ လုပ်ထုံး လုပ်နည်း အတိုင်း ဆက်သွားရင် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ရမှာ ဖြစ်တယ်လို့ ဦးစန်းမောင်းဦးက ရှင်းပြ သွားပါတယ်။









