အမေရိကန်မှာ K-pop ပထမဆုံး နံပတ် ၁ ချိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယား က BTS လူငယ် အမျိုးသား တေးဂီတ အဖွဲ့ဟာ အမေရိကန်မှာ လူကြိုက်အများဆုံး သီချင်းအယ်လ်ဘမ်များရဲ့ ထိပ်ဆုံးကို ရောက်တဲ့ ပထမဆုံး K-pop အဖွဲ့ ဖြစ်လာပါတယ်။
လူငယ် အဖွဲ့ဝင် ၇ ယောက်ပါတဲ့ BTS အဖွဲ့ရဲ့ "Love Yourself: Tear" ဆိုတဲ့ အယ်လ်ဘမ်က အမေရိကန်ရဲ့ လူကြိုက်အများဆုံး အယ်ဘမ် ၂၀၀ မှာ နံပတ် ၁ ချိတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်မှာ သူတို့ အဖွဲ့ နာမည်ကို ခေါ်ပြီး လူတွေက အော်ဟစ် အားပေးကြတဲ့ ဒီလို အောင်မြင်မှုမျိုး ရဖို့ အရင်က စိတ်မကူးခဲ့မတဲ့ အကြောင်းနဲ့ ဒီလို ထိပ်ဆုံးမှာ နေရာ ရခဲ့တာကို ဘယ်လိုမှာ မေ့နိုင်တော့မှာ မဟုတ်ဘူးလို့ BTS K-pop အဖွဲ့က ပြောပါတယ်။
သူတို့ဟာ ဟာ ပထမဆုံး အကြိမ် အဖြစ် အမေရိကန် မှာ လူကြိုက် အများဆုံး ဖြစ်ခဲ့ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
BTS K-pop ဂီတ အဖွဲ့ကို လူငယ်လေး ၇ ယောက်နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။
ကိုရီးယား ဂီတနဲ့ ဇာတ်လမ်းတွဲ ရုပ်ရှင်တွေဟာ ကမ္ဘာ့တဝန်း လူကြိုက်များ လာနေတဲ့ အတွက် Korean Wave ကမ္ဘာကို ကြီးစိုး လာနေတဲ့ ကိုရီးယားလှိုင်း ရယ်လို့ တင်စား ခေါ်ဝေါ် ခံရတဲ့ အထဲမှာ BTS K-pop ဂီတ အဖွဲ့လည်း ပါဝင် ဖြစ်ပါတယ်။
အခုတော့ BTS အဖွဲ့က အဲဒီ လှိုင်းရဲ့ ထိပ်ကို ရောက်ခဲ့ပြီလို့ ပြောရမှာ ဖြစ်ပါ တယ်။
BTS အဖွဲ့ ရဲ့ သေသပ်လှပတဲ့ ကကွက်တွေနဲ့ လူငယ်လေး တွေရဲ့ ကြည့်လို့ ကောင်းတဲ့ ရုပ်ရည် သွင်ပြင်တွေကြောင့် ဒီအဖွဲ့ရဲ့ ဂီတ တွေက နိုင်ငံတကာမှာ အရောင်းရဆုံး လူကြိုက် အများဆုံး ဆိုတဲ့ အဆင့်မှာ ရှိနေခဲ့ ပါတယ်။
အယ်ဘမ် အသစ်ဖြစ်တဲ့ Love Yourself :Tear ဆိုတဲ့ ဒီ အယ်လ်ဘမ် ကတော့ မေလ ၂၇ ရက် နေ့က လူကြိုက်အများဆုံး အဲလ်ဘမ် တွေရဲ့ ထိပ်ဆုံးကို ရောက်ရှိ ခဲ့ပါတယ်။
ဒါဟာ အခွေလိုက် ရောင်းရတာရယ်၊ အွန်းလိုင်းက ဒေါင်းလုပ် ဆွဲတာရယ် အပြင် သီချင်းတွေကို အွန်လိုင်းကနေ တိုက်ရိုက် နားထောင် ကြည့်ရှု တာတွေ အကုန်လုံးကို စုစည်း အခြေခံပြီး တွက်ချက်ထားတာဖြစ်ပါတယ်။
အဲဒီအယ်လ်ဘမ်က မေလ ဆန်းပိုင်းမှာ ထွက်ခဲ့တာ ဖြစ်ပြီး၊ အဲဒီ ထဲက Fake Love အချစ်တု ဆိုတဲ့ သီချင်းက အမေရိကန် ပြည်ထောင်စု Les Vagas လက်စ် ဗီဂတ်စ်က Billbord မှာ ထိပ်တန်း ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ၂၄ ရက်နေ့က သူတို့ရဲ့ အယ်လ်ဘမ် ၁သိန်း ၃ သောင်း ၅ ထောင် ရောင်းချခဲ့ရပြီး၊ ပထမ နေရာမှာ ရှိနေတဲ့ အမေရိကန် ရက်ပါ Post Malone ကို နံပါတ် ၂ နေရာကို ရောက်သွား စေခဲ့ ပါတယ်။
၂၀၁၃ ခုနှစ်က စဖွဲ့ခဲ့တဲ့ BTS အဖွဲ့ဟာ သူတို့ရဲ့ ပေါ့ စတိုင် မျိုးစုံ RNB နဲ့ ဟစ်ဟော့ ပုံစံတွေကြောင့် ကမ္ဘာ့ ဂီတ ပရိသတ်တွေကို ဖမ်းစား နိုင်ခဲ့ပါတယ်။
မြန်မာ နိုင်ငံက ပရိသတ်တွေကိုလည်း BTS အဖွဲ့ရဲ့ ဖမ်းစားမှုက အတော်လေး ရှိနေတယ်လို့ အမာခံ ပရိသတ် တစ်ယောက် ဖြစ်တဲ့ အသဲစွဲ မယွန်းသီရီ က ပြောပါတယ်။
BTS အဖွဲ့ဟာ ကိုရီးယားမှာရော ဂျပန်မှာပါ အယ်လ်ဘမ် တွေကို ထုတ်လုပ်ကြတာ ဖြစ်ပြီး၊ ဆိုရှယ် လူမှု ကွန်ရက်မှာ Follow လုပ်ပြီး အားပေးသူ ၁၀ သန်းလောက် ရှိပါတယ်။
သူတို့အဖွဲ့က သီချင်းတွေကို အင်္ဂလိပ် ဘာသာ နဲ့ မဆိုပေမယ့် BTS ဟာ အမေရိကန် တလွှား လှည့်လည် ဖျော်ဖြေထားပြီ ဖြစ်ပြီး၊ လော့စ် အိန်ဂျလိစ်၊ ချီကာဂိုနဲ့ နယူးယောက် တို့မှာ လက်မှတ် တွေ အကုန်ရောင်းချ ပြီး ဖြစ်ပါတယ်။
အခု အမေရိကန်နဲ့ ကနေဒါမှာ ဖျော်ဖြေပွဲတွေ ပြီးရင် ယူကေ၊ နယ်သာလန်၊ ဂျာမဏီ နဲ့ ပြင်သစ်တို့ကို ဆက်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ ဖျော်ဖြေမယ့် ၁၄ ပွဲအတွက် လက်မှတ်တွေ အားလုံး ရောင်းလို့ ကုန်ပြီ ဖြစ်ပါတယ်။
ဒီ BTS အဖွဲ့ဟာ သူတို့ကို အခိုင်အမာ အားပေးတဲ့ ပရိသတ်တွေကို စုစည်း နိုင်ခဲ့ပြီး အဲဒီ ပရိသတ် တွေကလည်း သူတို့ကို သူတို့ Army ဆိုပြီး စစ်တပ် တစ်တပ်လိုမျိုး သဘောထား အားပေးကြတာ ဖြစ်ပါတယ်။










