တောင်ကိုရီးယား ဂီတအဖွဲ့ မြောက်ကိုလွှတ်မယ်

ဓာတ်ပုံ ရင်းမြစ်, David Ramos
တောင်ကိုရီးယား ဖျော်ဖြေရေး အဖွဲ့တဖွဲ့ကို ဒီလကုန်မှာ မြောက်ကိုရီးယားကို ချစ်ကြည်ရေး စေလွှတ်မယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။
လူ ၁၆ဝ ပါတဲ့ အနုပညာရှင် အဖွဲ့ဟာ ပြုံယမ်း မြို့တော် မှာ ပွဲကြီး ၂ ပွဲ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOUTH KOREA UNIFICATION MINISTRY HANDOUT
တောင်နဲ့ မြောက် နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေမှာ ပါဝင်တဲ့ အဆိုတော်နဲ့ တေးရေးသူ ယွန်ဆန် က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီ ချစ်ကြည်ရေးအဖွဲ့မှာ Cho Yong-pil၊ Lee Sun-hee၊ Choi Jin-hee၊ Yoon Do-hyun၊ Baek Z Young၊ Jung-in၊ Seohyun နဲ့ Ali စတဲ့ အဆိုတော်တွေ ပါမယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Red Velvet
ကတ္တီပါနီ အမျိုးသမီး တီးဝိုင်း အဖွဲ့လည်း မြောက်ကိုရီးယားသွားမယ့် အဖွဲ့မှာ ပါဖို့ ရှိပါတယ်။
နောက်လထဲ ကျင်းပမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့တွေ့ဆုံပွဲ မတိုင်ခင် ဒီလို ယဉ်ကျေးမှု ကိုယ်စားလှယ် အဖွဲ့ စေလွှတ်တာ ဖြစ်ပါတယ်။






