မြောက်ကိုရီးယားနဲ့ ကန် တွေ့ဆုံပွဲ မတိုင်ခင် ထရမ့်နဲ့ မွန်ဂျေအင်း ဆွေးနွေး

မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယား ခေါင်းဆောင် ( ယာ )နဲ့ ကန်သမ္မတ ထရမ့် ( ဝဲ )

မြောက်ကိုရီးယားနဲ့ အမေရိကန် ဆွေးနွေးပွဲ မတိုင်ခင် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ အမေရိကန် သမ္မတ ထရမ့်တို့ ဆွေးနွေးခဲ့ကြပါတယ်။

တောင်ကိုရီးယား အစိုးရဟာ အမေရိကန် ကို ကျောထောက်နောက်ခံ ပြုပေးထားမှာ ဖြစ်တယ်လို့ မစ္စတာ မွန်းက ပြောသလို အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သတိကြီးစွာ အကောင်းမြင်လျက် ရှိတယ်လို့ ဆိုပါတယ်။

တခြား သတင်းတပုဒ်မှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဆွီဒင် ခရီးစဉ် နက်ဖြန် တနင်္ဂနွေ အထိ ရက်တိုးထားတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Yong Ho ဟာ ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှု အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား က ဖမ်းဆီးခံ အမေရိကန်တွေ လွတ်မြောက်ရေး အတွက်လည်း ဆွီဒင် သံတမန်တွေက ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဆွီဒင်ဟာ အရင်တုန်းက အမေရိကန် နဲ့ မြောက်ကိုရီးယား ကြား စေ့စပ်ညှိနှိုင်း ပေးဖူးတာ ဖြစ်ပါတယ်။