ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့် မြေပြို ၁၄ ဦးသေဆုံး ပျောက်ဆုံးသူရှိ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာနားမှာ မနက် ၃ နာရီ ခွဲကျော်လောက်က မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး ၁၄ ဦးရှိတယ်လို့ ဖားကန့် ဝှေခါကျေးရွာ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးချစ်ကောင်းက မေလ ၄ ရက် မနက် ၁၁ နာရီ လောက်က ဘီဘီစီကို ပြောပါတယ်။
မနက် ၁၁ နာရီလောက်အထိ တွေ့တဲ့ အလောင်း ၁၂ လောင်းနဲ့ ဒဏ်ရာရပြီး သေဆုံးသူ ၂ ဦးရှိတဲ့အတွက် သေဆုံးသူ ၁၄ ဦးရှိပြီလို့ ဦးချစ်ကောင်းက ပြောပါတယ်။
သေဆုံးသူတွေဟာ ရေမဆေးကျောက်ရှာသမားတွေ ဖြစ်တယ်လို့ ဦးချစ်ကောင်းက ပြောပါတယ်။
နေ့စဉ် မနက် ၄ နာရီကနေ ၆ နာရီဆိုတဲ့ အချိန်ဟာ ရေမဆေးကျောက်ရှာသမားတွေ ကျောက်ရှာဖွေဖို့ ကုမ္ပဏီတွေဘက်က ခွင့်ပြုထားတဲ့ အချိန်လည်း ဖြစ်တဲ့အတွက် ကျောက်ရှာဖို့ ရောက်ရှိနေသူတွေအနေနဲ့ အခုလို မြေပြိုတော့ ပါသွားတာ ဖြစ်တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။
ဒဏ်ရာရသူတွေကိုလည်း ဖားကန့်ဆေးရုံကို သယ်သွားနေတာတွေ့ရပြီး မြေပြိုချိန်မှာ အဲဒီဧရိယာမှာ အနည်းဆုံး လူ ၃ဝ လောက်ရှိနေနိုင်တယ်လို့ မျက်မြင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဦးချစ်ကောင်းက ပြောပါတယ်။
- ရေမဆေးကျောက် ရှာဖွေမှု တားမြစ်
- လွတ်လပ်အတွေးဆွေးနွေးဖလှယ်
- ဖားကန့်မြို့နယ် ကွမ်စိုင်ယန် တရွာလုံး တိမ်းရှောင်
- တရားမဝင် ကျောက်စိမ်း တန် ၂၀ ဖမ်းဆီးရမိ
- ဖားကန့်မှာ ကျောင်းဆရာ တစ်ဉီး ပစ်သတ် ခံရ
- ဖားကန့်မှာ မြေစာပုံပြိုကျ၊ လူ ၁၂ ဦး သေဆုံး
- ဖားကန့် လမ်းတွေ ဒေသခံတွေ ပိတ်ဆို့
- ဖားကန့်ကို သယံဇာတ ပြည်ထောင်စုဝန်ကြီး သွားရောက်
ဖားကန့် ဒေသက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကလည်း မြေပြိုမှုဖြစ်ပွားခဲ့တာ မှန်ကန်ပြီး အလောင်းတချို့တွေ့ရတယ်လို့ မနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှာ ဘီဘီစီကို အတည်ပြု ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မိုးရွာထားတဲ့အတွက် မြေတွေကလည်း ပျော့နေတော့ ကျောက်လုပ်ကွက်တွေမှာ မြေပြိုနိုင်မှု အန္တရာယ်ရှိတဲ့ အချိန်လည်း ဖြစ်နေတယ်လို့ ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။