ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးဝင်းမြင့် သမ္မတအဖြစ်ရွေးချယ်ခံရမှု တပ်ချုပ်ဝမ်းမြောက်
သမ္မတသစ်အဖြစ် ဦးဝင်းမြင့်ရွေးချယ်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ရွေးချယ်တင်မြှောက် ခံရတဲ့ သမ္မတသစ်အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဆိုပြီး ဖော်ပြထားတာပါ။
သမ္မတသစ် တင်မြှောက်ခဲ့မှုအပေါ် တရုတ်အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေကလည်း သဝဏ်လွှာပေးပို့ခဲ့ကြပြီး ပြည်တွင်းက အရပ်ဘက် အဖွဲ့အစည်းတချို့ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြတာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတအောက်မှာ တပ်ကရှိနေရင်တော့ အခုလို သဝဏ်လွှာပေးပို့တာဟာ ကြည့်လို့ မကောင်းပေမဲ့ ဥပဒေအရ အစိုးရနဲ့ တပ် သီးခြားစီတည်ရှိနေတဲ့အချိန်မှာ ပေးပို့တာဟာ ပြဿနာမရှိဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က မှတ်ချက်ပြုပါတယ်။
သူတို့ပါတီ SNLD အနေနဲ့လည်း မတ်လ ၃၀ ရက်နေ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ သဝဏ်လွှာပေးပို့ဖို့ ရှိနေတယ်လို့ ကျားခေါင်းပါတီ တာဝန်ရှိသူက ပြောပါတယ်။