ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုသမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်
မနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်နှစ်ယောက် အနက် တာမွေမြို့နယ် မဲဆန္ဒနယ်က ဦးဝင်းမြင့်က ဒုသမ္မတ အဖြစ် ထောက်ခံဆန္ဒမဲ ၂၇၃မဲ နဲ့ အနိုင်ရရှိပြီး ဒုသမ္မတ တရားဝင်ဖြစ်လာပါတယ်။
ဒုသမ္မတလောင်း အမည်တင်သွင်းခံရတဲ့ ပျော်ဘွယ်မဲဆန္ဒနယ် ဦးသောင်းအေး က ၂၇ မဲရရှိခဲ့ပြီး ရှုံးနှိမ့်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ အမည်စာရင်းကို တာမွေမဲဆန္ဒနယ်က ဦးဝင်းမြင့်နဲ့ ပျော်ဘွယ် မဲဆန္ဒနယ်က ဦးသောင်းအေးတို့ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဒုသမ္မတ အဖြစ်ရွေးချယ်ခံရတဲ့ ဦးဝင်းမြင့်ဟာ အသက် ၆၆ နှစ် ရှိပြီး BSc (Geology), H.G.P, RL ရရှိထားသူဖြစ်ပါတယ်။
NLD ရဲ့ အရေးပါတဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ၁၉၈၈ ခုနှစ် ၈လေးလုံး လူထုဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို သုံးကြိမ်ခံရပါတယ်။
သမ္မတဟောင်း ဦးထင်ကျော် မတ်လ ၂၁ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားတဲ့နေ့မှာပဲ ဦးဝင်းမြင့်ဟာ ရာထူးကနုတ်ထွက်သွားတဲ့အတွက် သူဟာ သမ္မတဖြစ်လာမယ်လို့လည်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။