ရခိုင်အရေး အစိုးရကို USDP ထောက်ခံ

မတ်လ ၁၅ ရက်က နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ ရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်း ပွဲမှာတော့ ရခိုင်ပြည်နယ် က ဒုက္ခသည် လက်ခံရေး NLD အစိုးရရဲ့ ဆောင်ရွက်ချက် တွေကို အထူးပြု ပြော ဆို ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး မှာ အသေးစိတ် အချက်အလက် တွေကို စိစစ်ပြီး လက်ခံ တာ ဟာ အမျိုးသား အကျိုးစီးပွား ကို ကာကွယ်တာ ဆိုပြီးတော့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။

လောလောဆယ်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရကပေးပို့လာတဲ့ လူ ရှစ်ထောင် ကို စိစစ်ပြီး ပြန်လည် လက်ခံနိုင်တဲ့ လူ ၃၀၀ စာရင်းကို မကြာခင်က NLD အစိုးရ အနေနဲ့ ပြန်လည် ပေးပို့ ထားပြီး ဖြစ်ပါတယ်။

အခုလိုအစိုးရရဲ့ လုပ်ဆောင်ချက်တစ်ခုကို ကြံ့ခိုင်ရေးပါတီက ကျေနပ် တယ်လို့ ပြောဆို ခဲ့ပေမယ့် ၂ နှစ်တာ သက်တမ်း ရှိလာ ပြီဖြစ်တဲ့ NLD ပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကိုတော့ ဝေဖန် ခဲ့ပါတယ်။

အစိုးရကို အပြန်အလှန် ထိန်းကျောင်း တဲ့တာဝန်၊ နိုင်ငံ နဲ့လူမျိုး အတွက် အကျိုးဖြစ်စေမယ့် လုပ်ငန်းတွေ၊ ပြည်သူလူထုကို ကာကွယ် ပေးမယ့် နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုး မိုးရေး ကို အထောက်အကူပြု စေနိုင်တဲ့ ဥပဒေ တွေ ဘယ်လောက် ပြဋ္ဌာန်း နိုင်သလဲ ဆိုပြီးတော့ မေးခွန်းထုတ်သွားခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ကြံ့ခိုင်ရေးပါတီ အနေနဲ့ ၂ဝ၂ဝ မှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် ရွေးချယ်မယ့် မူဝါဒ ကိုလည်း ပြောင်းလဲ ခဲ့ပြီး သက်ဆိုင်ရာ ဒေသမှာ နေထိုင် တဲ့ လူတွေကို အဓိက ထား ရွေး ချယ်မယ် ဆိုပြီး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ရှင်း ပြခဲ့ပါတယ်။

ကြံခိုင်ရေး ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံး နိမ့် ခဲ့ပြီးတဲ့နောက်မှာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကို အပြောင်းအလဲ လုပ်ထားခဲ့ပါတယ်။