ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အစားထိုးခန့်
ရခိုင်ပြည်နယ် အခြေစိုက် စစ်တိုင်းဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူး အပြောင်းအလဲ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေး ဆိုင်ရာ တပ်မတော် အရာရှိ တစ်ဦးကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးပါတယ်။
အနောက်ပိုင်းတိုင်းမှူး နေရာက ဗိုလ်ချုပ် မောင်မောင်စိုးကို ဖယ်ရှားပြီး၊ ဗိုလ်မှူးချုပ် စိုးတင့်နိုင်ကို အစားထိုး ခန့်ထားလိုက်တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် မောင်မောင်စိုးကို အနောက်ပိုင်းတိုင်းမှူး နေရာက ဘာ့ကြောင့် ဖယ်ရှား ရသလဲ ဆိုတဲ့ အကြောင်းအရင်းကိုတော့ သူမသိဘူး ဆိုပြီး ဗိုလ်ချုပ် အေးလွင်က ရိုက်တာကို ပြောပါတယ်။
ဗိုလ်ချုပ် မောင်မောင်စိုးကို ရာထူး နေရာတစ်ခုခုမှာ ရွှေ့ပြောင်း ခန့်အပ်တာမျိုး လတ်တလောမှာ မရှိသေးဘူး လို့လည်း ဆိုပါတယ်။
ဒီလို တိုင်းမှူး အပြောင်းအလဲ ပြုလုပ်တဲ့ အမိန့်ဟာ နိုဝင်ဘာ ၁ဝ ရက်နေ့မှာ ထွက်ရှိ ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲ အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ အတွက် တပ်မတော်ရဲ့ ကိုင်တွယ်မှုတွေ အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒါ့အပြင် ချင်းပြည်နယ် တောင်ပိုင်းမှာလည်း မကြာသေးခင် ရက်ပိုင်းကပဲ ရခိုင် လက်နက်ကိုင် AA အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်သား ၁၄ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံး ခဲ့ရပါတယ်။