ဆော်ဒီမှာ အမျိုးသမီးတွေ အားကစားပွဲ ကြည့်ခွင့်ရပြီ

ဆော်ဒီအာရေဗျမှာ ပထမဆုံး အနေနဲ့ အမျိုးသမီးတွေကို အားကစားပွဲတွေ ၀င်ကြည့်ခွင့် ပေးလိုက်ပါပြီ။

၂၀၁၈ နှစ်ဆန်းပိုင်းကစလို့ မြို့ကြီးသုံးမြို့ဖြစ်တဲ့ ရီရက်ဒ် ၊ ဂျဒက်နဲ့ ဒါမန်မ် မြို့က အားကစားရုံတွေမှာ အမျိုးသမီးတွေ အနေနဲ့ မိသားစုနဲ့အတူ၀င်ကြည့်ခွင့် ရှိတော့မှာ ဖြစ်တယ်လို့ ဆော်ဒီ သတင်းအေဂျင်စီက ပြောပါတယ်။

ဆော်ဒီမှာ ပြီးခဲ့တဲ့ လတုန်းက အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုခဲ့ပြီး နောက်ထပ် အမျိုးသမီးတွေကို လွတ်လပ်ခွင့်ပေးတဲ့ခြေလှမ်းတရပ် အနေနဲ့အ ခုလို အားကစားပွဲတွေ ကြည့်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အခုတက်လာတဲ့ လူငယ် အိမ်ရှေ့စံ မင်းသားMohammed bin Salman မိုဟာမက် ဘင် ဆယ်လ်မန်ရဲ့ တိုင်းပြည်စီးပွားရေး ပြန်လည် ဖြည့်ဆည်းဖို့ အခွင့်အလမ်းနဲ့ အားပေးမှုတွေရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။