ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစိုးရတပ်နဲ့ TNLA တိုက်ပွဲကြောင့် လမ်းပိတ်
ရှမ်းပြည်မြောက်ပိုင်းကို သွားတဲ့ ပြည်ထောင်စု လမ်းမပေါ် ကွတ်ခိုင်မြို့နယ်မှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ကားလမ်း ပိတ်ဆို့မှုတွေ အချိန် အတော်ကြာ ဖြစ်ခဲ့ ပါတယ်။
နမ့်ဖတ်ကာရွာနဲ့ နမ့်ခိုင်တံတားအကြား ရင်ခွဲတောင်နားမှာ တနာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး သူတို့ဘက်က ထိခိုက်မှု မရှိဘူးလို့ TNLA ရဲ့ ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်က ဆိုပါတယ်။
ကွတ်ခိုင်နားက တခြား နေရာတွေမှာ လည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
နမ့်ကွတ်၊ ရှုခင်းသာ စတဲ့ နေရာတွေနားမှာ တိုက်ပွဲကြောင့် ခရီးသွားတွေ ထိခိုက်မှု မရှိအောင် ကားလမ်း တွေကို ပိတ်ဆို့ခဲ့ပြီး ဆက်ကြေး ကောက်တာ မရှိဘူးလို့လည်း ပြောပါတယ်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကောချန်း နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ တို့ မတ်လ (၁၄) ရက် ညနေက ယူနန်ပြည်နယ် ၊ကူမင်း မြို့ World Trade Center မှာ တတိယအကြိမ် တွေ့ဆုံပြီး မြန်မာပြည် မြောက်ပိုင်း ပဋိပက္ခ၊ လက်ရှိ စစ်ရေး ၊နိုင်ငံရေး အကြောင်းအရာတွေ၊ တိုက်ပွဲ အရှိန်လျှော့ချရေး၊၂၁- ရာစုပင်လုံကိစ္စ၊ NCA ၊ ပန်ခမ်း တတိယအကြိမ် ထိပ်သီး အစည်းအဝေး အကြောင်းအရာ တွေကို ပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန် ထားပါတယ်။