ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မယ်လ စခန်းမှာ သေကြောင်းကြံစည်မှု စံချိန်တင် မြင့်တက်
၂၀၁၆ ခုနှစ် အတွင်းက ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ တာခ် ခရိုင်ထဲက အကြီးဆုံး ဒုက္ခသည် စခန်း ဖြစ်တဲ့ မယ်လ ဒုက္ခသည် စခန်းမှာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှု တွေ အများဆုံး ဖြစ်ခဲ့ပါတယ်။
မယ်လ ဒုက္ခသည် စခန်းဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ မြောက်ဖက် ၃၅ မိုင်အကွာမှာတည်ရှိပြီး၊ လက်ရှိ လူဉီးရေ ၄ သောင်းကျော် နေထိုင်ပါတယ်။
ဒီဒုက္ခသည် စခန်းဟာ ထိုင်း မြန်မာနယ်စပ် တလျှောက်က ဒုက္ခသည် စခန်း ၉ ခုထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။
အဲဒီ ဒုက္ခသည်စခန်း၉ ခုထဲက ဒုက္ခသည် အများစုဟာ တတိယနိုင်ငံတွေ ကိုသွားပြီး အခြေချ ချင်သူတွေ ဖြစ်ကြပါတယ်။
၂၀၀၅ ခုနှစ်က စပြီး ဒုက္ခသည်တွေ တတိယနိုင်ငံတွေကိုသွားပြီးအခြေချတဲ့ အစီအစဉ် တွေ ရပ်ဆိုင်းတဲ့နောက်ပိုင်း ဒုက္ခသည်စခန်းတွေမှာ ကိုယ့်ကိုကိုယ် သေကြောင်း ကြံစည်မှုတွေ ရှိလာနေပါတယ်။
စခန်း အားလုံးအထဲက မယ်လဒုက္ခသည်စခန်းထဲမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တနှစ် ထဲမှာ သေကြောင်း ကြံစည်မှု အများဆုံး ဖြစ်ခဲ့တယ်လို့ ဒုက္ခသည် အရေး စောင့်ကြည်သူ တွေက ပြောပါတယ်။
မယ်လ ဒုက္ခသည်စခန်းမှာ သေကြောင်း ကြံစည်မှု ၅၄ မှု ရှိခဲ့ပြီး အမျိုးသား ၁၆ ဉီး နဲ့ အမျိုးသမီး ၇ ဉီး ကွယ်လွန် သွားခဲ့ကြောင်း စခန်း ကော် မီတီ ဥက္ကဋ္ဌ စောအောနက်စ် က ပြောပါတယ်။
မယ်လဒုက္ခသည်စခန်းမှာ ၂၀၀၈ ခုနှစ်ကစပြီး သေကြောင်းကြံစည်မှုနှုန်း တဖြေးဖြေး မြင့်တက် လာ ရာက ၂၀၁၆ ခုနှစ်ထဲမှာတော့ အမြင့်ဆုံးကိုရောက်သွားတယ် လို့ဆိုပါတယ်။
၂၀၀၅ နောက်ပိုင်းမှာ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေများလာပြီး အနေကြာလာတဲ့ အခါမှာ ဘယ်ကို သွားရမယ်မှန်း မသိဘဲ မျှော်လင့်ချက် မဲ့ လာတဲ့ နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် သတ်သေမှု တွေ တိုးလာတာ ဖြစ်ကြောင်း ဒုက္ခသည် တစ်ယောက် က ပြောပါတယ်။
သေကြောင်း ကြံစည်မှုတွေ ဆက်တိုက်ဖြစ်နေတာကို လျှော့ကျ သွားရအောင် ARC လို့ခေါ်တဲ့ နိုင်ငံတကာ အန်င်ဂျီအို အဖွဲ့နဲ့ KRC ကရင် ဒုက္ခသည်ရေးရာ ကော်မီတီ တို့ က ပူးပေါင်းပြီး ပညာပေး မှုတွေလုပ်ခဲ့တဲ့အတွက် အခု ၂၀၁၇ ထဲမှာတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု တစ်မှုပဲ ဖြစ်သေး တယ်လို့ မယ်လ ဒုက္ခသည် စခန်းကော်မီတီ ဥက္ကဋ္ဌ စောအော နက်စ်က ပြောပါတယ်။