ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တကောင်တည်းသော ရေမြင်း သေဆုံးမှု စစ်ဆေးချက် ထွက်ပြီ
အယ်ဆာဗာဒိုး နိုင်ငံက အမျိုးသား တိရစ္ဆာန်ရုံမှာ ရှိတဲ့ သေဆုံးသွားတဲ့ Gustavito ကို ခန္ဒာဗေဒ ဆိုင်ရာ စမ်းသပ် စစ်ဆေးကြည့်တဲ့ အခါမှာ သူဟာ ဓါးနဲ့ အထိုးခံရလို့ သေဆုံးတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တိရစ္ဆာန်ရုံက တာဝန်ရှိသူတွေ အပြောအရ ရေမြင်းလေးဟာ အမည်မသိလူတွေရဲ့ ရိုက်နှက် ၊ ဓါးထိုး တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အမှုစစ် အရာရှိတွေကတော့ ဒီ ရေမြင်းလေးဟာ ဒဏ်ရာ ဒဏ်ချက်ကြောင့် သေဆုံးတာမျိုး မဟုတ်ဘဲ သူ့ကို ကောင်းကောင်း ထိန်းသိမ်း စောင့်ရှောက်မှု မရှိတာကြောင့် သေဆုံးရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အယ်ဆာဗာဒိုး နိုင်ငံမှာ တကောင်တည်းသော ရှိတဲ့ ရေမြင်းလေး တိုက်ခိုက်ခံရလို့ သေဆုံးသွားတယ် ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းမှာ သာမက ပြည်ပ နိုင်ငံတွေက လူအများက ဒေါသထွက်လျက် ရှိပါတယ်။