ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယန်ဟီလီ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေဆီသွား
မြန်မာနိုင်ငံ ဘက်က ပြုမူ ဆက်ဆံမှု တွေကြောင့် မကြာသေးခင် လတွေ အတွင်းက ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးလာကြတဲ့ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ဖြေရှင်း ကြပါလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီ က တိုက်တွန်းလိုက် ပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ တွေရဲ့ အခြေအနေကို လေ့လာဖို့ ဘင်္ဂလားဒေ့ရှ် ကို သုံးရက်တာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စယန်ဟီလီနဲ့ တွေ့ဆုံ အပြီးမှာ သူက ပြောခဲ့တာပါ။
ငြိမ်းချမ်းတဲ့ နည်းနဲ့ အဖြေရှာဖို့ လိုအပ်ကြောင်းလည်း လည်း သူက ပြောပါတယ်။
မစ္စယန်ဟီလီက Cox's Bazar က ဒုက္ခသည်တွေဆီကို အင်္ဂါနေ့မှာ သွား ရောက်မှာ ဖြစ်ပါတယ်။
မြန်မာ အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် ကြား နယ်စပ် ဆက်ဆံရေး ရုံးတွေ ဖွင့်ပြီး လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ရုံး ထုတ်ပြန်ချက်မှာ ပါပါတယ်။
ယန်ဟီလီ သွားတဲ့ Cox's Bazar မှာတော့ ဒီဝင်လာတဲ့ ရိုဟင်ဂျာတွေ ကြောင့် ဒေသခံ တွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာနဲ့ လုံခြုံရေး အရ စိုးရိမ်စရာတွေ ရှိနေပါတယ်။
ဒက္ကာကို ရောက်နေတဲ့ နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ကလည်း ရိုဟင်ဂျာတွေကို မြန်မာ ဘက်က မတရားဆက်ဆံမှုတွေ ရပ်အောင် ဖိအား ပိုပေးဖို့ နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။