ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေယု FM စလွှင့်ပြီ
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် သုံးခု အတွက် မေယု FM ရေဒီယို ကို ရခိုင်၊ မြန်မာ၊ ရိုဟင်ဂျာ သုံးဘာသာနဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင် စမ်းသပ် ထုတ်လွှင့်လိုက်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန အစီအစဉ်နဲ့ မေယု FM ရေဒီယိုကို စမ်းသပ်ထုတ်လွှင့်လိုက်တာလည်း ဖြစ်ပါတယ်။
မေယု FM ဟာ ဒေသတွင်းလူ့အဖွဲ့အစည်းတချို့အတွင်းကို ရည်ရွယ်ထုတ်လွှင့်တဲ့ ကွန်မြူနတီရေဒီယို အမျိုးအစားဖြစ်ပြီး ဒေသတွင်းကလူတွေ သတင်းအချက်အလက် ရရှိအောင် ရည်ရွယ် ထုတ်လွှင့်တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးမျိုးမြင့်မောင် က ဘီဘီစီကို ပြောပါတယ်။
ရခိုင်ဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေး လူဝင်မှုကြီးကြပ်ရေး တရားဥပဒေစိုးမိုးရေးနဲ့ မိုးလေဝသ သတင်းတွေကို ထုတ်လွှင့်ပေးမယ်လို့ ဆိုပါတယ်။
ရခိုင်လူမှုအဖွဲ့အစည်းတွေကတော့ မေယု FM ရေဒီယိုကို ကန့်ကွက်သွားမယ်လို့ ဆိုနေကြပါတယ်။