ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောင်လအင်ဆန်းရဲ့ MMA ချန်ပီယံလုပွဲ ဂျကာတာမှာ ကျင်းပမယ်
မြန်မာ့ စပါးအုံးလို့ အသိများတဲ့ ကိုယ်ခံပညာ လက်ဝှေ့ အကျော်အမော် အောင်လအင်ဆန်း Aung La N Sang ရဲ့ ကမ္ဘာ့ ချန်ပီယံ ခါးပတ် လုပွဲ ဒီနေ့ ည (ဇန်နဝါရီ ၁၄ ရက် စနေနေ့ ညမှာ) ရှိနေပါတယ်။
One Championship ရဲ့ MMA မစ်ဒယ်ဝိတ်တန်း လက်ရှိ ချန်ပီယံ နဲ့ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာ ထိုးသတ်မှာ ဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံ ရုရှား နိုင်ငံသား ဗစ်တာလေ ဘစ်ဒက်ရှ် ကိုသာ နိုင်ရင် MMA ကမ္ဘာ့ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရှိနေတဲ့ အောင်လအင်ဆန်းက သူ့မှာ ယုံကြည်ချက် အပြည့် ရှိနေတယ် ဆိုပြီး ပွဲကြို ရိုက်ကူးတဲ့ One Championship ဗီဒီယို ထဲ ပြောထားပါတယ်။
အောင်လအင်ဆန်း ဟာ အမေရိကန် နိုင်ငံမှာ ကြီးပြင်း ခဲ့တဲ့ မြန်မာပြည်က ကချင် နွယ်ဖွား တစ်ယောက် ဖြစ်ပါတယ်။
အခုလို MMA ရဲ့ ကမ္ဘာ့ အဆင့်အမြင့်ဆုံး အတန်းမှာ မြန်မာ တစ်ယောက် ယှဉ်ပြိုင် လာနိုင် တာဟာ တခြား မြန်မာ အားလုံး အတွက်လည်း ဂုဏ်ယူစရာ ဖြစ်လိမ့်မယ် ဆိုပြီး အောင်လအင်ဆန်း က ပြောပါတယ်။
အောင်လအင်ဆန်းရဲ့ ပွဲကို စောင့်မျှော် နေကြတဲ့ မြန်မာ ပရိသတ် တွေရဲ့ အားပေး ဂုဏ်ပြု စကားတွေကိုလည်း ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက် ပေါ်မှာ တခဲနက် တွေ့ နေရပါတယ်။
သုဝဏ္ဏ ကွင်း အားကစားရုံမှာ ယှဉ်ပြိုင် ခဲ့တဲ့ ပွဲ တွေ အပါအဝင် ၂ဝ၁၆ တုန်းက ပွဲတွေ မှာတော့ အောင်လအင်ဆန်း အနိုင်ပွဲတွေ ဆက်နိုင် ခဲ့ပါတယ်။