ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးခန့်အပ်
ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် သံအမတ်ကြီးဟောင်း ဦးသောင်းထွန်းကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
ဦးသောင်းထွန်းဟာ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဖြစ်ပြီး စစ်အစိုးရလက်ထက်က ဖိလစ်ပိုင်နဲ့ အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ နိုင်ငံတကာလေ့လာရေးကျောင်းမှာ စကောလားရှစ် ရခဲ့ပြီး နိုင်ငံတကာ ပြည်သူ့ရေးရာ မူဝါဒ ဘာသာရပ်နဲ့ မဟာဘွဲ့ရခဲ့ပါတယ်။
လုံခြုံရေး ဆိုင်ရာ အတွေ့အကြုံမရှိပေမယ့် လုံခြုံရေးဆိုင်ရာကိစ္စတွေကို သုတေသန ပြုတာ၊ တခြားနိုင်ငံက နိုင်ငံရေး ခေါင်းဆောင်တွေ သံတမန်တွေနဲ့ ဆွေးနွေးပြီး အစိုးရအဖွဲ့ကို ပြန်လည် အကြံဉာဏ်ပေးတာမျိုးကို လုပ်လိမ့်မယ်လို့ ယူဆကြောင်း ဦးသောင်းထွန်းနဲ့ အလုပ်တွဲဖက် လုပ်ကိုင်ခဲ့ဖူးသူ ဂျပန် သံအမတ်ကြီးဟောင်း ဦးခင်မောင်သိန်းက ဘီဘီစီကို ပြောပါတယ်။