ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စာရေး ဆရာမကြီး ဒေါ်ကြည်အေး ကွယ်လွန်
စာရေးဆရာမကြီး ဒေါ်ကြည်အေး ဟာ ဒီဇင်ဘာ ၂၈ ရက် ဗုဒ္ဓဟူးနေ့ မနက် ခြောက်နာရီ ကျော်မှာ ကွယ်လွန် သွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံ နယူးယောက်မြို့က Mount Sinai ဆေးရုံမှာ သွေးကင်ဆာ ရောဂါ နဲ့ ကွယ်လွန် သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ် ရှိပါပြီ။
ဆရာမကြီးဟာ ဘီဘီစီ မြန်မာဌာနမှာလည်း တာဝန် ထမ်းဆောင် ခဲ့ဖူးပြီး ဒေါ်ဒေါ်လေး အမည်နဲ့ ငွေဗျိုင်းဖြူ ကဏ္ဍ ကို စီစဉ် တင်ဆက် ခဲ့သူ ဖြစ်ပါတယ်။
အသက်အရွယ် ကြီးရင့် လာတဲ့ အထိ ကလောင် ကို ကိုင်စွဲ ကာ မြန်မာ့ စာပေ လောက အတွက် အကျိုးပြုစာတွေ ကို ရေးသားခဲ့သူပါ။
ဆရာမကြီး ဒေါ်ကြည်အေး ကွယ်လွန် ခဲ့တာဟာ မြန်မာ့ စာပေ လောက အတွက် ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှု တစ်ခုလည်း ဖြစ်ပါတယ်။