ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စပါးစျေးမကျရေး အစိုးရက ဝယ်မယ်
ပြည်တွင်းမှာ စပါးဈေး တွေ ကျဆင်း နေတဲ့ အတွက် လယ်သမား တွေဆီက စပါးတွေကို အစိုးရ ဘက်က ဝယ်ယူဖို့ စီစဉ် နေပါတယ်။
လယ်သမားတွေ အကျိုး စီးပွါးကို ကာကွယ်ပေး ဖို့ အခုလို စီစဉ်တာ ဖြစ်ပြီး၊ စီးပွါးရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနနဲ့ သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီး အစိုးရတို့ ပူးပေါင်းပြီး အခြေခံ ဈေးနှုန်း တစ်ခုနဲ့ ဝယ်ယူမှာ ဖြစ်ပါ တယ်။
နောက်ပြီး ခါတိုင်းလို ဆန်ကို ပြည်ပ တင်ပို့ တာထက် စပါးကို တိုက်ရိုက် ပြည်ပ တင်ပို့ဖို့ ဆိုပြီး အစီ အမံ တွေကိုလည်း အစိုးရ ဖက်က ကြိုးပမ်းမှု တွေရှိနေတယ် လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဌ ဒေါက်တာ စိုးထွန်းကပြောပါတယ်။
ကမ္ဘာပေါ်မှာ ထိပ်တန်း ဆန်တင် ပို့တဲ့ ဒေသ တွင်း နိုင်ငံ တခု ဖြစ်တဲ့ ထိုင်းနိုင်ငံ က လယ်သမား တွေလည်း အခုလို ဈေး ကျဆင်း မှုတွေနဲ့ ရင်ဆိုင် နေရ ပါတယ်။
ထိုင်းအစိုးရ ဘက်ကတော့ သူတို့ ဆီက လယ်သမားတွေ ဈေးကွက်ကို ထိန်းနိုင်ဖို့ အတွက် နောက် ၆ လ လောက်မှ ရောင်းချ နိုင်ရေး၊ အမေရိကန် ဒေါ်လာ ၂ ဘီလျံ နီးပါး သုံးပြီး ငွေ ထုတ် ချေးဖို့ စီစဉ် နေပါတယ်။
မြန်မာ နိုင်ငံ မှာတော့ လယ်သမားတွေ ဆီက စပါး ဝယ်ယူ နိုင်ဖို့ အတွက် အစိုးရကငွေကြေး တစ်ရပ် ချပေးမှ သာ စတင် ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ သိရှိရ ပါတယ်။