ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
TNLA နဲ့ တပ်မတော် အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်ထဲမှာ တအာင်း လက်နက်ကိုင် TNLA နဲ့ အစိုးရနဲ့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့က ကျောက်မဲ မြို့နယ် ထဲက ပါလမ် ကျေးရွာ အနီးမှာ TNLA ဘက်က တပ်ရင်း ၆၆၆ နဲ့ မြန်မာ့ တပ်မတော် ဘက်က ခမရ ၁၁၅ တို့အကြား ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။
မြန်မာ့ တပ်မတော် ဘက် က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး သူတို့ တပ်တွေကို လိုက်ရှာ ခဲ့ကြတယ်လို့လည်း TNLA ပြောခွင့်ရ ပုဂ္ဂိုလ် မိုင်အိုက်ကျော် က စွပ်စွဲ ပြောကြားပါတယ်။
တအာင်း ပလောင် ဒေသ ထဲမှာ အစိုးရ နဲ့ TNLA တို့ အကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတာ တပတ်ကျော် ရှိနေပြီး တိုက်ပွဲတွေ တစ်နေ့ထက် တစ်နေ့ ပြင်းထန် လာနေတယ်လို့ TNLA ဘက် က ဆိုပါတယ်။
TNLA အဖွဲ့ဟာ ရပ်ရွာ ထဲမှာ အတင်း အဓမ္မ လူသစ် စုဆောင်း တာတွေ၊ ငွေကြေး ကောက်ခံ တာတွေ လုပ်နေတယ်လို့ အစိုးရ တပ်မတော်က စွပ်စွဲ ထားပါတယ်။
လောလောဆယ်မှာ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေး နေပေမယ့် လက်တွေ့ မြေပြင် မှာတော့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲလို့ TNLA ဘက် က ပြောကြားနေပါတယ်။