ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာကိုစီးပွားရေး ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းဖို့ အိုဘားမား ညွှန်ကြား
မြန်မာ နိုင်ငံ အပေါ်မှာ ဒဏ်ခတ် အရေးယူ ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု အားလုံး ကို ဖယ်ရှား ပေးဖို့ အမေရိကန် သမ္မတ အိုဘားမား က ညွှန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။
အမေရိကန် ကွန်ဂရက် ကို ရေးသား ပေးပို့ ခဲ့တဲ့ စာထဲမှာ မြန်မာ နိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လုပ်ငန်းစဉ် တွေကို ဆက်တိုက် ဆောင်ရွက် လာတဲ့ အတွက် အမေရိကန် လုံခြုံရေး ကို မခြိမ်းခြောက်တော့ဘူးလို့လည်း သမ္မတ အိုဘားမား က ရေးသားခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ ကတည်းက မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားခဲ့တဲ့ စီးပွားရေး ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်း ပေးဖို့ အတွက် သမ္မတ အိုဘားမား က ညွှန်ကြား ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
စက်တင်ဘာလ မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံ ကို သွားရောက် ခဲ့ပြီးနောက် အခုလို စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ အမေရိကန် ဘက်က ဆောင်ရွက် လာတာ ဖြစ်ပါတယ်။