တစ်တော့အကြီးအကဲကို စစ်ဆေးရာက သိရတဲ့ ထူးခြားချက် ၅ ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်တော့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် ရှိုဇီချူးကို အမေရိကန် ကွန်ဂရက် ကော်မတီက ကြားနာ စစ်ဆေးခဲ့ပါတယ်။ ၄ နာရီခွဲကြာတဲ့အထိ ကြားနာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မရပ်မနားတရစပ်မေးခွန်းတွေနဲ့ လွှတ်တော် အမတ်တွေ မေးခဲ့ပါတယ်။
ကွန်ဂရက်လွှတ်တော်အမတ် တစ်ဦးဆိုရင် တချို့လူတွေက မာရသွန်ပြေးရင် တခြားသူတွေထက် ပိုမြန်မြန်ပြေးနိုင်တယ်လို့ ပြောပါတယ်။
ကြားနာမှုအတွက် သက်သေတွေကို မီးကုန်ယမ်းကုန်ပေးပြီးတဲ့နောက် မစ္စတာချူးလည်း ဒီလို မလွဲမသွေ ခံစားနေရမှာပါ။
နည်းပညာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်တော်တော်များများ ကွန်ဂရက်မှာ လာရောက် ကြားနာခံခဲ့ဖူးပြီး သူတို့လည်း ဒီလို သက်တောင့်သက်သာ ရှိလှမှာ မဟုတ်ပါဘူး။
ဒီကြားနာမှုနဲ့ ပတ်သက်ရင်ပြီး ခြွင်းချက်တခုက ဖြေဆိုရခက်ပြီး ဘယ်တော့မှ မပြီးနိုင်တဲ့ ပြင်းထန်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ဘလီကင်တွေက လျှော့ပေးတာမျိုးမရှိပါဘူး။ ကြားနာမှု အပြီးမှာ တစ်တော့ ပြောခွင့်ရက နိုင်ငံရေးသမားအားလုံးက အားလုံးကို ဆွဲဆောင်နိုင်ခဲ့ တယ်လို့ မှတ်ချက်ပေးပါတယ်။
လေကြောရှည်တဲ့ စိတ်တိုစရာ မေးခွန်းတွေအကြားမှာ တချို့အကြောင်း အရာတွေကိုလည်း သိလာရပါတယ်။
တစ်တော့နဲ့ပတ်သက်ရင် လွှတ်တော်အမတ်တွေက ညီညွတ်တယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရီပတ်ဘလီကင်ရော ဒီမိုကရက်တစ် အမတ်တွေပါ တစ်တော့ကို ဝေဖန်ခဲ့ ကြပါတယ်။ နှစ်ဖက်စလုံးက မယုံကြည်တာနဲ့ သံသယရှိတဲ့ အဆင့်က သိသာပါတယ်။
‘’ကွန်ဂရက်က နှစ်ပါတီလုံးပါဝင်တဲ့ ကော်မတီကနေ ကြိုဆိုပါတယ်’’လို့ ရီပတ်ဘလီကင် အမတ် ဘတ်ဒီကတ်တာက ပြောပါတယ်။
“ဒီမိုကရက်နဲ့ ရီပတ်ဘလီကင်တွေကို အတူတကွ ခေါ်လာပေးတာကို ကျေးဇူးတင်ပါတယ် မစ္စတာချူး” လို့ ရီပတ်ဘလီကင် အမတ် ဒန် ခရန်ရှောက ပြောပါတယ်။
အချက်အလက်တွေ လုံခြုံအောင် အရေးယူလုပ်ဆောင်ခဲ့တာကို ရှင်းပြဖို့ လုံလောက်တဲ့ အချိန် မပေးဘူးလို့ တစ်တော့က နောက်ပိုင်းမှာ မှတ်ချက်ပြုပါတယ်။
“တစ်တော့ပေါ်က စီးပွားရေးလုပ်ငန်း ၅ သန်းရဲ့ စားဝတ်နေရေးနဲ့ အမေရိကန် သန်း ၁၅၀ နီးပါးကြိုက်တဲ့ ဒီပလက်ဖောင်းကို ပိတ်ဖို့ အမေရိကန် အခြေခံဥပဒေ ပထမဆုံး ပြင်ဆင်ချက်ကို ကော်မတီအဖွဲ့ဝင်တွေ ထုတ်မပြောပါဘူး”လို့ တစ်တော့ ပြောခွင့်ရက ပြောပါတယ်။
တရုတ် ဘိုက်ဒန့်စ်ကုမ္ပဏီ အင်ဂျင်နီယာတွေ အမေရိကန် အချက် အလက်တွေကို ရယူနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
“ပရောဂျက် တက္ကဆပ်”အကြောင်းကို မစ္စတာချူးက ထပ်ခါတလဲလဲပြောပါတယ်။
ဒီစီမံကိန်းက အမေရိကန်ကုမ္ပဏီ Oracleက စောင့်ကြည့်မှုအောက်မှာ အချက်အလက်အားလုံးကို သိမ်းထားဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပရောဂျက်တက္ကဆပ်က အပြည့်အဝ မလည်ပတ်နိုင်သေးပါဘူး။
တစ်တော့ရဲ့ မိခင်ကုမ္ပဏီ ဘိုက်ဒန့်စ်(ByteDance)က အင်ဂျင်နီယာတွေက အချက်အလက်တွေ ရယူနိုင်တယ်ဆိုတာ မစ္စတာ ချူးက အတည်ပြုပါတယ်။
“ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ဖလှယ် အသုံးပြုနိုင်တဲ့ စနစ်ကို ကျွန်တော်တို့ အမှီသဟဲ ပြုထားပါတယ်၊ တရုတ်အင်ဂျင်နီယာတွေလည်း အချက်အလက်တွေ ရနိုင်ပါတယ်” လို့သူက ပြောပါတယ်။
ဒီအချက်ကို နိုင်ငံရေးသမားတွေက အကြိမ်ကြိမ် ထောက်ပြပါတယ်။ တရုတ်မှာရှိတဲ့ အင်ဂျင်နီယာတွေက အချက်အလက်တွေ ရနေတယ်ဆိုရင် တရုတ်အစိုးရက မရဘူးဆိုတာ မဖြစ်နိုင်ဘူး ဆိုတဲ့ အချက်ကို သူတို့က ထောက်ပြပါတယ်။
မတ် ၂၄ ရက်နေ့မှာ တခြားနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေဆီကနေ သတင်း အချက် အလက်နဲ့ ထောက်လှမ်းရေး သတင်းတွေ မရယူဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ထပ်ခါတလဲလဲ ပြောပါတယ်။
ဘိုက်ဒန့်စ် ကုမ္ပဏီမှာ မစ္စတာချူးက ရှယ်ယာတွေ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်တော့ မိခင်ကုမ္ပဏီ ဘိုက်ဒန့်စ်နဲ့ မပတ်သက်ဘူးဆိုတာကို ကာကွယ်ဖို့ မစ္စတာ ချူးရဲ့ ပြောကြားချက်တွေက မအောင်မြင်ဖြစ်ခဲ့ပါတယ်။
တရုတ်ကုမ္ပဏီက တစ်တော့ကို ပိုင်သလို မစ္စတာ ချူးကလည်း ဘိုက်ဒန့်စ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ ဖြစ်ခဲ့ပါတယ်။
ဘိုက်ဒန့်စ်မှာ ရှယ်ယာတွေ ပိုင်သလား ဆိုတဲ့ ကနဦး မေးခွန်းကို မစ္စတာချူးက မဖြေဆိုပေမဲ့ လွှတ်တော်အမတ်တွေက ဖိမေးရာမှာ နောက်ဆုံးသူက ရှယ်ယာတွေ ပိုင်ပြီး ဆက်စပ်မှုကို လျော့ချဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
တစ်တော့ကို ရောင်းချဖို့ ဘိုက်ဒန့်စ်ကို အတင်းအကျပ်လုပ်ဆောင်တဲ့ အမေရိကန်ရဲ့ အစီအစဥ်မှန်သမျှကို ဆန့်ကျင်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
ချူးကလေးတွေ တစ်တော့ မသုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကြားနာမှုတနေရာမှာ ဒီမိုကရက်အမတ် နာနက် ဘာရန်ဂမ်က သူ့ကလေးတွေ တစ်တော့ သုံးမသုံး မေးပါတယ်။
စင်ကာပူမှာနေတာကြောင့် သူတို့ မသုံးဘူးလို့ မစ္စတာ ချူးက ဖြေပါတယ်။ ဒီနိုင်ငံမှာ အသက် ၁၃ နှစ်အောက် ကလေးတွေအတွက် လုပ်ထားတဲ့ ဒီအပလီကေးရှင်း ဗားရှင်းက မရှိဘူးလို့ ပြောပါတယ်။
အမေရိကန်မှာပဲ ကလေးတွေအတွက် လုပ်ထားတဲ့ ဗားရှင်းရှိပြီး သူတို့ အမေရိကကို လာရင် သုံးခွင့်ပေးမယ်လို့ ပြောပါတယ်။
Cambridge Analyticaနဲ့ပတ်သက်ပြီး ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုက်ခိုက်တဲ့ စကားလုံးတိုင်း မစ္စတာချူးက မတုံ့ပြန်ပါဘူး။ ကွန်ဂရက် အဖွဲ့ဝင်တွေကို သူက မကြာခဏ ပြန်ပြီး တုံ့ပြန်တာ မရှိပါဘူး။
တခါတလေ ထိထိရောက်ရောက်နဲ့ တုံ့ပြန်တဲ့ အခိုက် အတန့်တွေ ရှိပေမဲ့ ဒါက ရှားပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ဘယ်လို အသုံးပြုသလဲဆိုတာနဲ့ ပတ်သက်ပြီး မေးတဲ့ အချိန်မှာ သူက အခုလို တုံ့ပြန်ပါတယ်။
“လေးစားစွာနဲ့ ပြောရရင်၊ အမေရိကန် ကုမ္ပဏီတွေက အချက်အလက်နဲ့ ပတ်သက်ရင် မှတ်တမ်းကောင်းမရှိပါဘူး၊ ဖေ့စ်ဘွတ်ခ်နဲ့ Cambridge Analytica ကိုကြည့်ပါ” ဆိုပြီးပြောပါတယ်။
မခံချိမခံစရာဖြစ်ပေမဲ့ ဒီအချက်ကို ထောက်ပြဖို့ ခိုင်ခိုင်မာမာရှိနေပါတယ်။
ဖေ့စ်ဘွတ်ခ်သုံးတဲ့သူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဗြိတိန်နိုင်ငံရေးဆိုင်ရာ အကြံပေး Cambridge Analyticaနဲ့ တခြားလက်သင့်ခံ အပလီကေးရှင်တွေက အသုံးပြုတဲ့ ဖြစ်ရပ် ၂၀၁၈ ခုနှစ်မှာ ထွက်ပေါ်လာရာမှာ လူတွေအကြား ဆူဆူပူပူ ဖြစ်သွားစေပါတယ်။








