ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှား မြို့သစ်စီမံကိန်းမှာ အဆင်မပြေမှုတွေကြောင့် အရာရှိကြီးတွေ ရာထူးကထုတ်ခံရ
အင်ဒိုနီးရှားက မြို့တော်သစ်မှာ လာမယ့် စနေတနင်္ဂနွေကျရင် အခမ်းအနားကြီးတရပ် ပထမဆုံး ကျင်းပဖို့ ရှိပါတယ်။ သမ္မတဝီဒိုဒိုက လက်ရှိ မြို့တော် ဂျာကာတာဟာ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်း၊ လူတွေကြပ်ညပ်ကာ ရေအောက်ရောက်နိုင်တဲ့ အန္တရာယ်တွေ ရှိတယ် ဆိုပြီး မုတ်သုန်တောရှိရာ ဘောနီယိုကျွန်းမှာ စီးပွားရေး မြို့တော်သစ် နူဆန်တာရာ ကို တည်ဆောက်နေပါတယ်။ ဒါပေမယ့် ရည်မှန်းချက် ကြီးမာလွန်းတဲ့ ဒီစီမံကိန်းမှာ အဆင်မပြေမှုတွေ၊ ကတိပြုထားပြီး ဖြစ်မလာတဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ထိပ်ပိုင်းစီမံကိန်းအရာရှိကြီးတွေ ရာထူးကထုတ်ခံရတဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် နစ်ခ်မာ့ရှ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြပေးမှာပါ။