ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သူရဲကောင်းအသွင်ကြိုဆိုခံရမှုနဲ့ ပြင်သစ်ဘောလုံးအသင်းရဲ့ အိမ်အပြန်
၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ ပြင်သစ်ဘောလုံး အသင်းအိမ်အပြန်ခရီးကို ပြင်သစ်နိုင်ငံသားတွေက တခဲနက်ကြိုဆိုဂုဏ်ပြုခဲ့ကြတဲ့ မြင်ကွင်း တွေဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းနဲ့ယှဥ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ၃ ဂိုး သွင်းပေးခဲ့တဲ့ ပြင်သစ်ကစားသမား အမ်ဘာပေးကတော့ ကြိုဆိုခံရသူတွေကြားထဲ ထင်ထင်ပေါ်ပေါ်ဆက်ရှိနေတာကို မြင်တွေ့ရပါတယ်။
အမ်ဘာပေးဟာ အခုလို ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ် သုံးဂိုး သွင်းနိုင်မှုနဲ့ အတူ ပွဲစဉ်တလျှောက် စုစုပေါင်း ၈ ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။
မြို့တော် ပါရီက Place de la Concorde ပြည့်သူ့ရင်ပြင်မှာ ပြုလုပ်တဲ့ ကြိုဆိုပွဲမှာတော့ ဘောလုံးပရိသတ်တွေက မီးရှူးမီးပန်းတွေ ဖောက်ပြီး သူတို့နိုင်ငံကိုယ်စားပြုဘောလုံးအသင်းကို ကြိုဆိုခဲ့ကြတာလည်းတွေ့ရပါတယ်။