ကမ္ဘာ့ဖလား ဗိုလ်စွဲတဲ့ အာဂျင်တီးနားမှာ အောင်ပွဲခံနေကြ

၂၉ ရက်နဲ့ ပွဲပေါင်း ၆၄ ဂိုးပေါင်း ၁၇၂ ဂိုးနဲ့ မရေတွက်နိုင်တဲ့ အိမ်မက်တွေ ကျိုးပျက်ခဲ့ပြီးတဲ့နောက် အာဂျင်တီးနားက ချန်ပီယံ ဖြစ်ပြီး ကာတာ ကမ္ဘာဖလားက ပြီးဆုံးသွားပါပြီ။ အကောင်းဆုံး ဗိုလ်လုပွဲလို့ သတ်မှတ်ခံရတဲ့ ပွဲမှာ ပြင်သစ်က အမ်ဘာပေက ဟတ်ထရစ် ရရှိခဲ့ပေမဲ့လည်း ပင်နယ်တီနဲ့ ရှုံးနိမ့် သွားပါတယ်။

ဒီပွဲမှာ ၂ဂိုးသွင်းယူခဲ့တဲ့ အာဂျင်တီးနား ကစားသမား လီယွန်နယ်မက်ဆီက ကမ္ဘာဖလားကို ရယူနိုင်ခဲ့ပြီး သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝ အဆုံးသတ်သွားပြီဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အားလုံးမျှော်လင့်ထားသလို အာဂျင်တီးနားမြို့တော် ဗျူနိုအေးရိစ္စမှာလည်း ညအထိ အောင်ပွဲခံခဲ့ပါတယ်။ ဒီအထဲမှာ မြို့လယ်က လူသိများတဲ့ Obeliskမှာ လူတွေ စုရုံးအောင်ပွဲခံကြပါတယ်။ လူ ၂ သန်းလောက် လာကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီနေရာမှာ ဘောလုံးပွဲကို ပရိသတ်တွေနဲ့ အတူသွားကြည့်ခဲ့တဲ့ သတင်းထောက် ကေတီဝပ်ဆန်က အဲဒီနေရာမှာ ဘယ်လိုအောင်ပွဲခံခဲ့ကြလဲ ပြောပြထားတာကို မစန္ဒာဝင်းက ပြန်ပြောပြမှာပါ။