အမေရိကန်က TikTok ရဲ့ သဘောတူညီချက်တရုတ်နည်းပညာချန်ပီယံတွေအတွက်နည်းနာသစ်လား

Woman standing in front of a brightly-lit and colourful TikTok logo while looking at her smartphone

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, TikTok - တစ်ခ်တော့ခ် လိုဂို ရှေ့မှာ လက်ကိုင်ဖုန်းနဲ့ ဓါတ်ပုံရိုက်ဖို့ ကြိုးစားနေသူ
    • ရေးသားသူ, ဆူရန်ဂျာနာ တီဝါရီ
    • ရာထူးတာဝန်, အာရှစီးပွားရေးရာသတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, စင်ကာပူ

ကမ္ဘာ့လူဦးရေနဲ့ တွက်ရင် လူ ခုနစ်ယောက်မှာ တစ်ယောက်က TikTok- တစ်ခ်တော့ခ် အသုံးပြုသူဖြစ်ပါတယ်။ ဒါပေမယ့် လူမှုအသိုင်းအဝိုင်းရဲ့ ဒစ်ဂျစ်တယ်ယဉ်ကျေးမှုပလက်ဖောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ ကုမ္ပဏီအတွက်တော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

TikTok နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေက လွန်ခဲ့တဲ့ငါးနှစ်ကျော်ကတည်းက စတင်ပေါ်ပေါက်ခဲ့ပြီး သမ္မတ ထရမ့် ရဲ့ ပထမသက်တမ်းအတွင်း TikTok ကို အမေရိကန် အပလီကေးရှင်း စတိုးတွေကနေ ဖယ်ရှားဖို့ ရည်ရွယ်တဲ့ စီးပွားရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

TikTok ကို အသုံးပြုနေတဲ့ အမေရိကန်နိုင်ငံသား ၂၀၀ သန်းရဲ့ အချက်အလက်တွေကို တရုတ်အစိုးရက ရယူပြီး ထိန်းချုပ်မှာကို ဥပဒေပြုသူတွေ စိုးရိမ်ခဲ့ကြပါတယ်။

ဒီစိုးရိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရဲ့ မိခင်ကုမ္ပဏီ TikTok ဘိုင်းဒန့်စ်က Project Texas ကို စတင်ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်ပိုင်ဆိုင်တဲ့ အော်ရီကယ်ရဲ့ ဝန်ဆောင်မှုတွေနဲ့ အမေရိကန်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားမယ့် အချက် ပါဝင်ပါတယ်။ ကုမ္ပဏီရဲ့ ဌာနချုပ်ကို စင်ကာပူနဲ့ လော့စ်အိန်ဂျယ်လိစ်ကို ပြောင်းရွှေ့ခဲ့ပြီး တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ရဲ့ တရုတ်ဇစ်မြစ် ကနေ ခွာထားဖို့ ဖြစ်ပါတယ်။

အဲဒီအချိန်က ဒီအချက်တွေကို အရေးပါတဲ့ အလျှော့ပေးမှုတွေအဖြစ် မြင်ခဲ့ကြပေမယ့် ၂၀၂၄ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က ဘိုင်းဒန့်စ် ဟာ အမေရိကန်မှာ TikTok လည်ပတ်ပုံကို ပြောင်းလဲပြီး အဓိကပိုင်ဆိုင်မှုကို လွှဲပြောင်းမပေးရင် ဒီအက်ပ်ကို တားမြစ်ဖို့ အတွက် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ကြပါတယ်။

ဒီသဘောတူညီချက်ဟာ အခုအခါ ပြီးစီးသွားပြီး၊ ဘိုင်းဒန့်စ်က အမေရိကန်ရှိ အက်ပ်ကို ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများက ခွဲထုတ်ကာ အော်ရီကယ် ပါဝင်တဲ့ ကုမ္ပဏီများအဖွဲ့ အသစ်အောက်မှာ လည်ပတ်စေရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တစ်ခ်တော့ခ်ဟာ အရေးပါတဲ့ ဈေးကွက်မှာ အသက်ရှင်ဆဲဖြစ်သော်လည်း ဘိုင်တာဒန့်စ်နဲ့ တခြားတရုတ်နည်းပညာကုမ္ပဏီတွေနဲ့ တကမ္ဘာလုံး ချဲ့ထွင်ဖို့ ကြိုးပမ်းတဲ့အခါ ရင်ဆိုင်ရနိုင်တဲ့ ပေါင်းကူးမှုတွေနဲ့ ကန့်သတ်ချက်တွေကို ဒီအချက်တွေက မီးမောင်းထိုးပြနေပါတယ်။

ဒါကိုကြည့်ရင် အရေးပါတဲ့ စျေးကွက်တစ်ခုအတွင်း TikTok ဟာ ဆက်ပြီး လည်ပတ်နိုင်နေဆဲဖြစ်ပေမဲ့ ဒီသဘောတူညီချက်ရဲ့ အချက်အလက်တွေကတော့ ကမ္ဘာလုံးဆိုင်ရာအဆင့်ကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေချိန်မှာ ဘိုင်းဒန့်စ် နောက်ပြီး တခြား တရုတ်နည်းပညာကုမ္ပဏီများပါသက်ရောက်စေပါတယ်။

ဘာကြောင့် ဒီလို ဖြစ်ရတာလဲ

TikTok အယ်လ်ဂိုရီသမ်ကို အမေရိကန်က အဖွဲ့အစည်းအသစ်ထံ လိုင်စင်ပေးအပ် သုံးစွဲခွင့်ပေးသွားယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, TikTok အယ်လ်ဂိုရီသမ်ကို အမေရိကန်က အဖွဲ့အစည်းအသစ်ထံ လိုင်စင်ပေးအပ် သုံးစွဲခွင့်ပေးသွားယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုမှာ အမေရိကန် အစိုးရနဲ့ တရုတ်အစိုးရတို့ဟာ အမျိုးသားလုံခြုံရေး စိုးရိမ်မှုတွေကြောင့် တဖက်နဲ့ တဖက်ရဲ့ ကုမ္ပဏီတွေကို ချုပ်ကိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲအတွင်း TikTok ဟာ တရုတ်ဘက်က အလျှော့ပေးမှု ဒါမှမဟုတ် အလွယ်တကူ အလျှော့ပေးနိုင်တဲ့အချက် အဖြစ် သတ်မှတ်ခံလာရပါတယ်။

ဒီသဘောတူညီချက်က တရုတ်ဘက်အနေနဲ့ ရလဒ်ကို အောင်မြင်မှုတစ်ရပ်အဖြစ် ပုံဖော်နိုင်စေပြီး၊ ကိုယ့်ရဲ့ စည်းမျဉ်းအတိုင်း နည်းပညာကို ပြည်ပကို ထုတ်ပို့နိုင်သလို၊ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုကြီးများမှာ အားသာချက်ကို ဆက်လက် ထိန်းထားနိုင်စေပါတယ်။

ဘိုင်းဒန့်စ်ဟာ အမေရိကန်ရှိ အသုံးပြုသူဦးရေ သန်း ၂၀၀ နဲ့ စီးပွားရေးလုပ်ငန်း ၇.၅ သန်းကို ဆက်လက် ဝင်ရောက်အသုံးပြုခွင့် ရရှိထားမယ်ဆိုပေမဲ့၊ TikTok ရဲ့ အယ်လ်ဂိုရီသမ်နဲ့ ဒေတာအပေါ် ထိန်းချုပ်ခွင့်ကိုတော့ ဆုံးရှုံးသွားပါတယ်။

အဲဒီအစား ကုမ္ပဏီက TikTok အယ်လ်ဂိုရီသမ်ကို အမေရိကန်ရှိ အဖွဲ့အစည်းအသစ်ထံ လိုင်စင်ပေးအပ် သုံးစွဲခွင့်ပေးသွားမှာဖြစ်ပြီး၊ ဒီသဘောတူညီချက်ရဲ့ တန်ဖိုးကို ထရမ့်အစိုးရက ဒေါ်လာ ၁၄ ဘီလီယံ (ပေါင် ၁၀ ဘီလီယံ) အဖြစ် ခန့်မှန်းထားပါတယ်။

"တစ်ခ်တော့ခ်ရဲ့စွမ်းအားဟာ သူမှာရှိတဲ့ ဒေတာ ဖွဲ့စည်းပုံ ဖြစ်ပြီး ဒါက သုံးစွဲသူတွေရဲ့ အချက်ပြမှု ထောင်ပေါင်းများစွာကနေ သင်ယူပြီး အလွန်အဆင်ပြေတဲ့၊ အလွန်စွဲလမ်းစေတတ်တဲ့ ဗီဒီယိုတွေကို ပေးပို့နိုင်တဲ့ အယ်လ်ဂိုရီသမ်တစ်ခု ဖြစ်ပါတယ်"လို့ သုတေသန ကုမ္ပဏီ ဖော်ရက်စတာ က ထိပ်တန်း သုတေသီ ခိုင်စလေ ချစ်ခါရင်း က ပြောပါတယ်။

"အမေရိကန်ပူးပေါင်းဆောင်ရွက်မှုက အဲဒီ အယ်လ်ဂိုရီသမ်ကို ပြည်တွင်းအချက်အလက် အနေနဲ့ ပြန်လည်လေ့ကျင့်ပေးပါက အပြောင်းအလဲဖြစ်သွားလိမ့်မယ်၊ သေချာတာက အမေရိကန်မှာရှိတဲ့ တစ်ခ်တော့ခ်ဟာ အရင်အတိုင်း ရှိနေမှာ မဟုတ်တော့ဘူး" လို့ ဆိုပါတယ်။

ဒီပြောင်းလဲမှုကြောင့် ကြော်ငြာသူတွေနဲ့ ဖန်တီးသူတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

ဖန်တီးသူတွေ အနေနဲ့ သူတို့လက်ရာတွေကို အားပေးသူ ကျဆင်းနိုင်ပြီး အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ဗိုင်းရပ်စ်သဖွယ် ပျံ့နှံ့မှုကို ထိခိုက်စေနိုင်ပါတယ်။ အရင်က ဒေသတစ်ခုမှာ လူကြိုက်များတဲ့ အရာဟာ အမေရိကန်မှာ သဘာဝအတိုင်း လူကြိုက်များနိုင်ပါတယ်။

အမေရိကန်တစ်ခုတည်းအတွက် အယ်လ်ဂိုရီသမ် ကတော့ အားနည်းစေနိုင်ပြီး ကုန်အမှတ်တံဆိပ်တွေကို သဘောတူညီချက်တွေရအောင် ပြန်လည်ဖွဲ့စည်းစေတာကြောင့် အမေရိကန်ထုတ်လွှင့်မှုအတွက် ပိုမိုပေးဆောင်ဖို့ ဖြစ်လာနိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ တစ်ခ်တော့ခ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေဟာ ဒေါ်လာ ၂၀-၂၆ ဘီလီယံ လောက်ရှိမယ်လို့ ခန့်မှန်းရပြီး အဲဒီအထဲက ဒေါ်လာ ၁၀ ဘီလီယံလောက် အမေရိကန်က ရရှိကာ ကြော်ငြာကနေ ဝင်ငွေအများဆုံး ရရှိခဲ့ပါတယ်။

ဒီပြောင်းလဲမှုတွေဟာ အမေရိကန်မှာ တစ်ခ်တော့ခ်ရဲ့ စီးပွားရေးကို ထိခိုက်စေနိုင်ပေမယ့် ဘိုင်းဒန့်စ် က ၁၉.၉% ရှယ်ယာပိုင်ဆိုင်မှု ဆက်လက်ထိန်းသိမ်းထားနိုင်တာကြောင့် အမြတ်အစွန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ရရှိမှာ ဖြစ်ပါတယ်။

အယ်လ်ဂိုရီသမ် ကို ပြန်လည်လေ့ကျင့်ခြင်းဟာ ဘိုင်းဒန့်စ်ရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဖော်ရက်စတာ က Technology Architecture & Delivery ဌာနရဲ့ အဓိကခွဲခြမ်းစိတ်ဖြာသူ ချာလီဒိုင်း က အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ အယ်လ်ဂိုရီသမ်တွေကို သီးခြားလည်ပတ်တာ၊ အလုပ်သမားအင်အားခွဲခြားတာနဲ့ တစ်ပြိုင်တည်း အုပ်ချုပ်မှုတွေက အင်ဂျင်နီယာစရိတ်တွေကို တိုးပွားစေပြီး ဆန်းသစ်တီထွင်မှုကို နှေးကွေးစေကာ လုပ်ငန်းလည်ပတ်တာကို ရှုပ်ထွေးမှု ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။

အိန္ဒိယ အတွေ့အကြုံ

ဘိုင်တာဒန့်စ်ဟာ အရင်ကတည်းက နိုင်ငံရေးနဲ့ စည်းမျဉ်းစည်းကမ်း အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာပါ။ 'TikTok Boom: The Inside Story of the World's Favourite App' စာအုပ် ရေးသားသူ ခရစ်စတိုတယ် ဝေါ့လ်ကာ ကတော့ တစ်ခ်တော့ခ် အနေနဲ့ အသုံးပြုသူ သန်း ၂၀၀ ရှိခဲ့ပြီး ၂၀၂၀ တုန်းက အကြီးဆုံးစျေးကွက်ဖြစ်ခဲ့တဲ့ အိန္ဒိယစျေးကွက်ကို ဆုံးရှုံးခဲ့ရခြင်းဟာ အမေရိကန်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ အခက်အခဲတွေထက် ကြီးမားထက်ထိုးနှက်ချက်ဖြစ်ခဲ့တယ်လို့ ကောက်ချက်ချပါတယ်။

ဒါပေမဲ့ သူ့အဆိုအရ အဲ့ဒီ "အိန္ဒိယမှာ ဖြစ်ခဲ့တဲ့ ထိုးနှက်ချက်" တောင် အလွန်အမင်း ထိုးနှက်ချက်မဟုတ်ခဲ့ပါဘူး။ "ဒီလို စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားထဲကပဲ သူတို့ဟာ တိုးတက်မှုကို ဆက်လက် ပြသနိုင်ခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

အမေရိကန်နဲ့ အိန္ဒိယရှိ အခက်အခဲတွေဟာ အခြေခံအားဖြင့် တူညီကြပါတယ်။ ဒါတွေဟာ ပထဝီနိုင်ငံရေး တင်းမာမှုတွေက အစပျိုးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အိန္ဒိယမှာ တားမြစ်ခဲ့တာဟာ တစ်ခ်တော့ခ် တစ်ခုတည်းအတွက် ရည်ရွယ်တာမျိုး မဟုတ်ဘဲ တရုတ်နိုင်ငံကို ကျယ်ကျယ်ပြန့်ပြန့် ဦးတည်ခဲ့တာ ဖြစ်ပြီး အက်ပ်ပေါင်း ၂၀၀ ခန့်ကို တစ်နိုင်ငံလုံး ပိတ်ပင်ခဲ့ပါတယ်။

အဲဒီ တားမြစ်မှုတွေဟာ ပြည်တွင်းမှာ ဖွံ့ဖြိုးတဲ့ လူမှုကွန်ယက် ပလက်ဖောင်းတွေ ပေါ်ထွန်းလာစေပေမယ့် တစ်ခ်တော့ခ်ရဲ့ အောင်မြင်မှုနဲ့ ယှဉ်နိုင်တဲ့ ပလက်ဖောင်းတစ်ခုမှ မပေါ်ပေါက်ခဲ့ပါဘူး။

TikTok Chief Executive Officer Shou Zi Chew testifies before the House Energy and Commerce Committee in the Rayburn House Office Building on Capitol Hill on Thursday, March 23, 2023

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တစ်ခ်တော့ခ် အမှုဆောင် အရာရှိချုပ် ရှောက်ချူး ဟာ အမေရိကန် က လုပ်ငန်းသစ်ရဲ့ ဒါရိုက်တာ ဖြစ်လာမှာပါ။

အချို့အတွက်တော့ TikTok အပေါ် လုပ်ခဲ့တဲ့ ဒီသဘောတူညီချက်ဟာ ပထဝီနိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှု ရည်မှန်းချက်များ ပြန်လည် ပြင်ဆင်ရတဲ့ အခြား တရုတ်နည်းပညာ အင်အားကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟွာဝေးနဲ့ မလွဲမသွေ နှိုင်းယှဉ်စရာ ဖြစ်လာစေပါတယ်။

ဒါပေမယ့် နှစ်ခုအကြားမှာ အလွန်သိသာထင်ရှားတဲ့ ကွာခြားချက်တွေ ရှိနေပြီး၊ ဟွာဝေး ဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုများကြောင့် အရေးပါတဲ့ 5Gအခြေခံအဆောက်အဦတွေကို အသုံးပြုခွင့် ဆုံးရှုံးသွားပါတယ်။ အဲဒီနောက် အနောက်တိုင်း စျေးကွက်တွေထဲကနေ ဖယ်ရှားခံထားရပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ တစ်ခ်တော့ခ် ကိုတော့ ဘိုင်းဒန့်စ် အတွက် ကန့်သတ်ချက်တွေနဲ့သာ ဆိုပေမယ့် ဆက်လက်ရှင်သန်ခွင့်ပေးခဲ့ပါတယ်။

ခရစ်စတိုတယ် ဝေါ့လ်ကာက ဒီအခြေအနေဟာ တရုတ်နည်းပညာကုမ္ပဏီတွေကို အစိုးရတွေက တုံ့ပြန်ဆောင်ရွက်နေတဲ့ ပုံစံမှာ အပြောင်းအလဲတစ်ရပ် ဖြစ်လာနေကြောင်းကို ပြသနေတယ်လို့ ပြောပါတယ်။

တချို့ကုမ္ပဏီတွေကို လုံးဝဖယ်ရှားပစ်ပြီး၊ တချို့ကို လုပ်ကိုင်ခွင့်ပြုပေမယ့် နိုင်ငံရေးနဲ့ စည်းမျဉ်းစည်းကမ်းအရ ကျဉ်းမြောင်းစွာ သတ်မှတ်ထားတဲ့ အကန့်အသတ်တွေအတွင်းမှာသာ ဖြစ်ပါတယ်။

ပြည်တွင်း ချန်ပီယံ

ဘေဂျင်းက ဘိုင်းဒန့်စ် ရုံးချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘေဂျင်းက ဘိုင်းဒန့်စ် ရုံးချုပ်

TikTok ကို ပြည်ပနိုင်ငံတွေမှာ ပြန်လည်ပုံဖော် ပြောင်းလဲနေရတဲ့ အချိန်မှာပဲ ဘိုင်းဒန့်စ် ဟာ တရုတ်နိုင်ငံအတွင်းမှာ အလွန်အမင်း အောင်မြင်နေတဲ့ ညီအစ်မအက်ပ်ဖြစ်တဲ့ Douyin အပေါ်ကိုတော့ အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိထားဆဲ ဖြစ်ပါတယ်။

Douyin ဟာ တရုတ်နိုင်ငံအတွင်း ကိုယ်ပိုင်အောင်မြင်မှုကြီးစွာ ရရှိထားပါတယ်။ Douyin ဟာ ဘိုင်းဒန့်စ်ရဲ့ လုပ်ငန်းရဲ့ အဓိက ထောက်တိုင်တစ်ခုဖြစ်ပြီး အမြတ်အစွန်းရပါတယ်။

၎င်းဟာ နိုင်ငံရေးအရ ညီညွတ်ပြီး ဆန်းသစ်တီထွင်နိုင်တာက သူ့မှာ အပြည့်အဝအသုံးပြုခွင့်ရှိတဲ့ အချက်အလက်တွေပေါ်မှာ algorithm ကို လေ့ကျင့်ပေးရန် တာဝန်ရှိလို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ByteDance ဟာ အနာဂတ်အတွက် လောင်းကြေးပေါင်းစုံ ထားရှိပါတယ်။ အချက်အလက်စင်တာများ၊ ကလောက်ဒ်နည်းပညာနှင့် အတုဉာဏ်ရည် (AI) တို့ကို ရင်းနှီးမြှုပ်နှံနေခြင်းဖြင့် ကြော်ငြာဦးဆောင်သော စားသုံးသူအက်ပ်များထက် ကျော်လွန်ပြီး စုံလင်အောင်လုပ်ဆောင်နေကြောင်း မီးမောင်းထိုးပြနေပါတယ်။

Chris Stokel-Walker က TikTok ရဲ့ အခက်အခဲဟာ အချက်အလက်လုံခြုံရေးအကြောင်း တကယ်တော့ မဟုတ်တော့ဘဲ အမေရိကန်မှာ နိုင်ငံရေးအမြင်သဘောထား၊ ယဉ်ကျေးမှုနှင့် ဩဇာညောင်းမှုကို ဘယ်သူက ထိန်းချုပ်မလဲဆိုတဲ့အကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်ယဉ်ကျေးမှုကို ပုံဖော်နိုင်တယ်ဆိုတာကို Trump က ဘယ်တော့မှ ကြိုက်နှစ်သက်ခဲ့တာ မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

လက်တွေ့အခြေအနေကတော့ ByteDance ဟာ အမေရိကန်မှာ TikTok ကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပေမယ့် သိသာထင်ရှားတဲ့ အကန့်အသတ်တွေနဲ့ပါပဲ။ ဒါဟာ ၎င်းရဲ့ချဲ့ထွင်ရန် စီစဉ်ထားတဲ့ အခြားဈေးကွက်တွေထဲကိုပါ ပျံ့နှံ့သွားနိုင်ပြီး စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေက တရုတ်နည်းပညာအပေါ် ပိုမိုထိန်းချုပ်လိုလာကြမှာပါ။

အခြားကျွမ်းကျင်သူတွေကတော့ ဒီသဘောတူညီချက်ရဲ့ လိုင်စင်ထုတ်ပေးမှုဆိုင်ရာ ရှုထောင့်ဟာ ဘေဂျင်း အပေါ် ယုံကြည်မှုလျော့နည်းလာတဲ့ ပတ်ဝန်းကျင်မှာ အခြားတရုတ်နည်းပညာကုမ္ပဏီတွေ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်နည်းအတွက် နမူနာပုံစံတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။