အစ္စရေး အပစ်ရပ် ကမ်းလှမ်းမှု ဟားမတ်စ် လက်ခံမယ်လို့ ကန်မျှော်လင့်

usa

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဟားမတ်စ် လက်ခံမယ် မျှော်လင့်

အစ္စရေးရဲ့ မကြုံစဖူး ရက်ရက်ရောရော ကမ်းလှမ်းတဲ့ ဂါဇာ အပစ်ရပ်စဲရေးကို ဟားမတ်စ်က လက်ခံမယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင်က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမျိုး ထပ်မဖြစ်ဖို့ အစ္စရေးရဲ့ ကြိုးပမ်းမှုကို အခိုင်အမာ ထောက်ခံပါတယ်။ တချိန်တည်းမှာပဲ ဂါဇာမှာ နေ့စဉ် မြင်နေရတဲ့ ကြောက်မက်ဖွယ် လူ့ဆင်းရဲ ဒုက္ခတွေကို အဆုံးသတ်အောင် လုပ်ဖို့လည်း ပိုင်းဖြတ်ထားပြီး ဖြစ်တယ်လို့ ဘလင်ကင်က ပြောပါတယ်။

ဒေသတွင်း ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ဆော်ဒီမှာ ကျင်းပတဲ့ အစည်းအဝေးကို မစ္စတာ ဘလင်ကင် တက်ရောက်နေပါတယ်။

အီဂျစ်မှာ အပြိုင်လုပ်နေတဲ့ အပစ်ရပ်စဲရေး ဆွေးနွေးပွဲကို ဟားမတ်စ် ကိုယ်စားလှယ် အဖွဲ့ တက်မယ့်နေ့မှာပဲ ဘလင်ကင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

gaza

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်ဒဏ်ကြောင့် ကြေမွနေတဲ့ ရာဖာ

ရက်သတ္တပတ်တွေနဲ့ချီပြီး မပြီးမပြတ် ဖြစ်နေပြီးနောက် အစ္စရေးဘက်က ပြန်လည်ပြင်ဆင် အတည်ပြုထားတဲ့ အစီအစဉ်အပေါ် ဟားမတ်စ် ဘက်က ကြီးကြီးမားမား ဆွေးနွေးစရာမရှိကြောင်း ပြောတယ်ဆိုတဲ့ သတင်းရပါတယ်။

တိုက်ခိုက်မှုတွေ ရပ်စဲရေး အတွက် စကားလုံးသစ် ထည့်ဖို့ပဲ ပြောတယ်လို့ ဆိုပါတယ်။

ရာဖာကို အစ္စရေး ထိုးစစ်ဆင်ဖို့ ပြင်ထားတာကို အမေရိကန်က ကန့်ကွက်ကြောင်း မစ္စတာ ဘလင်ကန်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

အဲဒီမှာ ရှိတဲ့ အရပ်သားတွေကို ကာကွယ်ဖို့ ပြင်ဆင်ထားတာ မတွေ့ဘူးလို့လည်း သူက ဆိုပါတယ်။

မနေ့ညက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၂ဝ သေဆုံးခဲ့ပါတယ်။

gaza

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာမှာ ကြောက်မက်ဖွယ် လူ့ဆင်းရဲဒုက္ခနဲ့ကြုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစ္စရေးအစိုးရမှာ သူ့ကမ္ဘာ့မဟာမိတ်တွေနဲ့ ဓားစာခံတွေရဲ့ မိသားစုတွေဆီက လာတဲ့ အပစ်ရပ်စဲရေး ယူဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဂါဇာမြောက်ပိုင်းကို လူတွေ ပြန်နိုင်ဖို့နဲ့ နယ်မြေကို ပိုင်းခြားထားတဲ့ အရှေ့-အနောက် စင်္ကြံကနေ အစ္စရေးတပ်တွေ ထွက်ပေးဖို့ ပါရှိတဲ့ အဆိုပြုလွှာသစ်ကို အစ္စရေးဘက်က ကမ်းလှမ်းခဲ့ကြောင်း စနေနေ့မှာ အစ္စရေး အရာရှိနှစ်ဦးက ပြောကြောင်း Axios သတင်းဝက်ဆိုက်ကကြေညာခဲ့ပါတယ်။

ရေရှည်ခံတဲ့ အပစ်ရပ်စဲရေး ထူထောင်ဖို့ ဒီသဘောတူညီချက် ဒုတိယဆင့်မှာ ဆွေးနွေးကြဖို့လည်း ဒီအဆိုပြုလွှာမှာ ပါရှိပါတယ်။ ဒီအဆင့်ကို ဓားစာခံတွေ ပြန်လွှတ်ပေးပြီးနောက် စတင်မှာလို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

အပစ်ရပ်စဲရေး ယူပြီးနောက် တရက်ကို ဓားစာခံတယောက် လွှတ်ပေးရေး ဆွေးနွေးဖို့လည်း အစ္စရေး ညှိနှိုင်းရေးအဖွဲ့ကို အစိုးရက အာဏာလွှဲပေးထားကြောင်း ဒီအရာရှိတွေက ပြောပါတယ်။ ဓားစာခံက လေးဆယ်အောက် လျော့နည်းသွားပါတယ်။

တနင်္ဂနွေနေ့က အပစ်ရပ်စဲရေး ညှိနှိုင်းမှု အခြေအနေအကြောင်း မေးတဲ့အခါ အစ္စရေးဘက်က အဟန့်အတားသစ်တွေ ရှိပေမယ့် အကောင်းဘက်က ရှိကြောင်း အမည်မဖော်လိုတဲ့ ဟားမတ်စ် အရာရှိကြီးတဦးက အေအက်ဖ်ပီ သတင်းကို ပြောကြားပါတယ်။