ထိုင်ဝမ်သမ္မတ အမေရိကန်က ပြန်လာအပြီး နာရီပိုင်းအတွင်းမှာ တရုတ်က စစ်ရေးလေ့ကျင့် -ဧပြီ ၈ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်း တဖက်ခြမ်း ပြည်မမှာ ၃ ရက်ကြာ ကင်းလှည့်နေပြီး စစ်ရေးလေ့ကျင်မှုတွေ လုပ်ဆောင်နေပါတယ်။

ဘေဂျင်းက ပိုင်တယ်ဆိုပြီးပြောဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ကျွန်းကို ဝန်းရံ လေ့ကျင် နေတယ်လို့ တရုတ်အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

‘ဒီနေ့က ရေကြောင်း၊ လေကြောင်းနဲ့ သတင်းအချက်အလက်တွေကို သိမ်းယူနိုင်မယ့် ပူးပေါင်း တိုက်ခိုက်မှုကို အာရုံစိုက်ပြီး လေ့ကျင့်ပါတယ်’လို့ တရုတ်အစိုးရ သတင်းကြေညာတဲ့သူက ကြေညာသွားတာ ဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင်မက္ကာသီနဲ့တွေ့ဆုံခဲ့ပြီး အမေရိကန်ကနေ ပြန်လာပြီး နာရီပိုင်းအကြာမှာပဲ စစ်ရေး လေ့ကျင်မှုတွေ စတင်လာတာ ဖြစ်ပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက တရုတ်စစ်လေယာဉ် ၇၀ စင်းနဲ့ သင်္ဘော ၉ စင်းက ထိုင်ဝမ် ရေလက်ကြားထဲမှာရှိတဲ့ နယ်ခြားမျဉ်းပေါ်မှာ ဖြတ်မောင်းသွားတယ်လို့ ဆိုပါတယ်။

တရုတ်က အာဏာရှင်စနစ် ဖြန့်ကျက်လာတာကို အမေရိကန်နဲ့ တခြား ဒီမိုကရေစီ နိုင်ငံတွေနဲ့ လက်တွဲပြီး ထိုင်ဝမ်က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မစ္စဆိုင်က ပြောပါတယ်။

ယူကရိန်းစွမ်းအင်အဆောက်အဦတွေကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်တစ်ထောင်ကျော် ပစ်ခတ်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားက ယူကရိန်း စွမ်းအင်ဆိုင်ရာ အဆောက်အဦးတွေကို ဒုံးကျည်နဲ့ ဒရုန်းတွေ သုံးပြီး အကြိမ် ၁၂ဝဝ ကျော် ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းလျှပ်စစ်မီး ကွန်ရက်ကို တာဝန်ယူ လုပ်ဆောင်နေတဲ့ ယူကရိနာဂို (Ukrenergo)ကုမ္ပဏီက ပြောပါတယ်။

နိုင်ငံတွင်းမှာရှိတဲ့ စွမ်းအင်စနစ်ကို ပျက်စီးအောင် အကြီးမားဆုံး ကြိုးပမ်းမှု ဖြစ်တယ်လို့လည်း ဒီကုမ္ပဏီက ဆိုပါတယ်။

ဧပြီ ၇ ရက်နေ့က ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ ဝန်ကြီးက အခက်ခဲဆုံး ဆောင်းရာသီကို ကျော်လွှားနိုင်ခဲ့ပြီးတဲ့နောက် လျှပ်စစ်မီး ပြန်လည်တင်ပို့ရောင်းချမယ်လို့ ပြောပါတယ်။

ဝန်ကြီး ဟာမန်ဟာလူရှန်ကိုက ၂လကြာ ယူကရိန်း စွမ်းအင် စနစ်က လိုတာထက်ပိုပြီး ထုတ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတွင်း လျှပ်စစ်မီး အသုံးပြုတွေက ဘာအကန့်သတ်မှ မရှိဘဲ သုံးနိုင်ပြီလို့ ပြောပါတယ်။

ဝန်ကြီးချုပ်အမိန့်ကြောင့် အမေရိကန် ခရီးစဉ်ကို ပယ်ဖျက်တယ်လို့ ပါကစ္စတန်ဘဏ္ဍာရေး ဝန်ကြီးပြော

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမေရိကန် ဝါရှင်တန်ကို သွားဖို့ ခရီးစဉ်ကို ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘတ် ရှရစ်ရဲ့ တိုက်ရိုက် အမိန့်ကြောင့် ပယ်ဖျက်လိုက်တယ်လို့ ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး အီရှာဒါက ပြောပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ (IMF)နဲ့ ကမ္ဘာဘဏ်တို့ရဲ့ နွေဦး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိပေမဲ့ နိုင်ငံတွင်း နိုင်ငံရေး အခြေအနေကို အာရုံစိုက်ဖို့ ရှိတာကြောင့် ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

IMF တာဝန်ရှိသူတွေက တွေ့ဆုံဖို့ငြင်းတယ်ဆိုတဲ့ သတင်းနဲ့ IMFက ငွေကြေးအကူအညီ မပေးတော့တာနဲ့ ခရီးစဉ် ပယ်ဖျက်တာနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ကောလဟလတွေကို သူက ငြင်းပါတယ်။

ပါကစ္စတန် နိုင်ငံက စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံခြား ငွေကြေးအရန်ငွေက ကုန်လုနီးပါး ဖြစ်နေပါတယ်။

အဲပယ်လ်ကို တရုတ်နည်းပညာကုမ္ပဏီ ဘိုင်ဒူတရားစွဲမယ်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘိုင်ဒူ (Baidu) ချတ်ဘော့ အတုဗားရှင်းကို တရုတ်မှာရှိတဲ့ အဲပယ်လ်စတိုးကနေ မဖယ်ရှားပေးတာကြောင့် နည်းပညာကုမ္ပဏီ ဘိုင်ဒူကအဲပယ်လ်ကို တရားစွဲမယ်လို့ ပြောပါတယ်။

တခြားအဆင့်မြင့် ပရိုဂရမ် GPT-4တို့ကို ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်ထားတဲ့ ဒီချတ်ဘော့က စမ်းသပ်ဆဲ အဆင့်မှာသာရှိသေးပြီး အပလီကေးရှင်း ဗားရှင်း အနေနဲ့ မထုတ်ရသေးဘူးလို့ ပြောပါတယ်။

ဒီ ဗားရှင်းအတုက အသုံးပြုသူတွေရဲ့ ငွေကြေးနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို လိမ်ညာဖို့ ကြိုးစားနေတယ်ဆိုပြီး တရုတ် သတင်းအစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒီအပေါ် အဲပယ်လ်က တစုံတရာ မှတ်ချက်ပေးတာ မရှိပါဘူး။

အစိုးရဥပဒေကို အမတ်တွေ မတော်တဆ ထောက်ခံမဲ ပေးမိတယ်လို့ ဂျပန်အတိုက်အခံပြော

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂျပန်အထက်လွှတ်တော်မှာ အစိုးရရဲ့ ဥပဒေကို ထောက်ခံကြောင်း အတိုက်အခံ အမတ် ၃ဦးက ဒီတပတ်ထဲမှာ မတော်တဆ မဲပေးခဲ့ကြတယ်လို့ အဓိက အတိုက်အခံ အုပ်စုက ပြောပါတယ်။

အခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ် ပါတီက မတော်တဆနဲ့ အမှုမဲ့အမှတ်မဲ့ ဖြစ်ပြီး မဲပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အနာဂတ်ရဲ့ ကြယ်ပွင့်တဦးလို့ တင်စားခံနေရတဲ့ အမတ် ဟီရို မီကာယာမ အခုလို ဖြစ်ခဲ့တာကို တောင်းပန်ခဲ့ပြီး သူ့လက်က မမျှော်လင့်ဘဲ ရုတ်တရက် မဲပေးမိတယ်လို့ ပြောပါတယ်။

တရားရုံးမှာ ဥပဒေ တာဝန်ရှိသူ အရေအတွက်ကို လျှော့ချဖို့ အထက်လွှတ်တော် ဥပဒေရေးရာ ကော်မတီက ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ပါတီတွင်းက လွှတ်ဖော်ကိုင်ဖက်တွေနဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်တွေက ဒါက စိတ်ရှုပ်ထွေးစရာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဂျပန်အထက်လွှတ်တော် အတွင်းရေးမှူးက ဒီလိုအမှားမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာလို့ ပြောပါတယ်။