မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို MDY PDF သိမ်းယူ
မန္တလေးတိုင်း မတ္တရာမြိုနယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းယူထားပြီး စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးရမိကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF က သတင်းထုတ်ပြန်ပါတယ်။ မန္တလေးမြို့နားအထိ နီးကပ်လာနေတဲ့ စစ်ရေးအခြေအနေအကြောင်း ကိုမိုးမြင့်က ပြောပြမှာပါ။





