ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လယ်သမားများကို စိုက်ပျိုးရေး နည်းပညာ အကြံပေးမယ့် ဖုန်းအက်ပလီကေးရှင်း
ဂရင်းဝေး (Greenway)လို့ ခေါ်တဲ့ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကနေ မိုးလေဝသ သတင်းတွေ သီးနှံ စိုက်ပျိုးနည်းစနစ်တွေ မြေဆီလွှာထိန်းသိမ်းနည်းတွေကိုလည်း မြန်မာ့ တောင်သူဦးကြီးတွေ အတွက် ဖြန့်ချီပေးနေပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကြသူတွေအတွက် အကူအညီပေးနိုင်မယ့် မိုဘိုင်းဖုန်းအက်ပ် တခုကို ဂရီနိုဗေတာ(Greenovator) ဆိုတဲ့ မြန်မာကုမ္ပဏီ တခုကနေ အခမဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။
စိုက်ပျိုးရေး ပညာရှင်တွေနဲ့ တောင်သူလယ်သမားတွေကိုလည်း အက်ပ်က တိုက်ရိုက် ချိတ်ဆက်ပေးထားတာကြောင့် တောင်သူတွေအနေနဲ့ သိလိုသမျှကို ပညာရှင်တွေဆီကို တိုက်ရိုက် မေးမြန်းနိုင်တယ်လို့ အက်ပ်ကို စတင်ဖန်တီးခဲ့သူ မယဉ်ယဉ်ဖြူက ဘီဘီစီကို ပြောပါတယ်။
ဒီမိုဘိုင်းဖုန်းအက်ပလီကေးရှင်းက ကုန်စည် ဒိုင်ပေါင်း ၇ ခုကနေ သီးနှံ အမျိုး အစားပေါင်း ၇၀ ကျော်ရဲ့နေ့စဉ် ဈေးနှုန်းတွေကို ဖြန့်ချီပေးနေတယ်လို့ သူက ပြောပါတယ်။
စာဖတ်အားနည်းတဲ့ တောင်သူတွေ စာဖတ်စရာမလိုဘဲ အသံနဲ့ နားထောင် နိုင်အောင် အက်ပလီကေးရှင်းကို အဆင့်မြင့်ဖို့ ကြိုးစားနေပါတယ်။
Android ဖုန်းအမျိုးအစားကို သုံးစွဲတဲ့ တောင်သူတွေအနေနဲ့ ဒီအက်ပလီကေးရှင်းကို Google Play Storeကနေ အခမဲ့ ဒေါင်းလုပ် ရယူသုံးစွဲနိုင်မှာ ဖြစ်ပြီး မေးခွန်းတွေမေးမြန်းလိုရင်တော့ အရင် မှတ်ပုံတင်လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။