ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မတော်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ
ရခိုင် နဲ့ ချင်းပြည်နယ် အစပ် ပလက်ဝ မြို့နယ်ထဲမှာ တပ်မတော်နဲ့ ရခိုင် လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
နို၀င်ဘာ ၂၀ရက် ညနေ ၂နာရီနောက်ပိုင်းမှာ ခမရ ၅၄၂ ကျောက်ဖြူ အခြေစိုက် တပ်ရင်းရဲ့ ထိုးဖောက် ၀င်ရောက်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နို၀င်ဘာ ၂၁ မနက်မှာ ဆိုရင် လက်နက်ကြီးနဲ့ ခြေလျင်တပ်တွေက ထိုးလာတာ တွေ့ရတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ဘီဘီစီကို ပြောပါတယ်။
ပလက်၀ မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွာသားတွေ တိမ်းရှောင်နေပြီး အခုဆိုရင် စစ်ရှောင်း ဒုက္ခသည် ခြောက်ရာနီးပါး ရှိလာပြီလို့ သူက ဆိုပါတယ်။
နို၀င်ဘာ ၁ရက်နေ့ကစလို့ တပ်မတော်ရဲ့ အမြစ်ပြတ် ချေမှုန်းရေးလို့ ကြွေးကြော်ပြီး ထိုးစစ် ဆင်လာတာကြောင့် သူတို့ အနေနဲ့ ခုခံရတာပါလို့ ခိုင်သုခ က ပြောပါတယ်။
တလောတုန်းက တပ်မတော် က စစ်သားတွေနဲ့ အရပ်သားတွေပါတဲ့ ရေယာဉ်တစင်းကို AA အဖွဲ့က ချောင်းပစ်ခဲ့တာကြောင့် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တဲ့ အပေါ် စိတ်မကောင်းကြောင်း ကိုလည်း သူက ဆိုပါတယ်။
AA အနေနဲ့ NCTT ခေတ် တလျှောက်လုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါ၀င်ခဲ့ပေမယ့် အခုအခါ တပ်မတော်က သူတို့ အဖွဲ့ကို အသိအမှတ်မပြုသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သူတို့တွေ ပါ၀င်မှုကိုလည်း ငြင်းပယ်နေတဲ့ အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တန့်နေတာ ဖြစ်တယ်လို့ AA ပြောခွင့်ရသူ က ထောက်ပြခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဆိုတာ လက်ရှိ အစိုးရနဲ့ တပ်မတော် အပေါ် မူတည်နေပြီး မှန်ကန်တဲ့ ပြည်ထောင်စု စိတ်မွေးနိုင်အောင် ကြိုးစားရင် ဖြစ်မလာစရာ အကြောင်းမရှိသလို အဲဒီလို့ စိတ်မွေးဖို့ကိုလည်း တိုက်တွန်းလိုကြောင်း သူက ပြောသွားခဲ့ပါတယ်။