ဒရုန်းသုံးလို့ ထောင်ကျသူတွေ နောက်ပုဒ်မနဲ့ ရုံးထုတ်

နေပြည်တော် လွှတ်တော်ကို ဒရုန်းယာဉ်ပျံနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တဲ့ TRT သတင်းဌာနက သတင်းထောက် ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၂ ဦးကို ပို့ကုန် သွင်းကုန်ပုဒ်မနဲ့ နေပြည်တော် ဇမ္ဗူသီရိ တရားရုံးမှာ ကြာသပတေးနေ့က ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

သူတို့ ၄ ဦးကို ပြီးခဲ့တဲ့ သတင်းပတ်က လေကြောင်းအက်ဥပေဒအရ ထောင်ဒဏ် ၂ လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အခုလို နောက်ထပ် အမှုနဲ့ စွဲချက်တင်လိုက်တဲ့အပေါ် ပြစ်မှုတခုကို ပုဒ်မ ၂ ခုနဲ့ တရားစွဲခွင့်မရှိအောင် တားမြစ်ထားတဲ့ တရားရုံး ကျင့်ထုံးတွေအရ ခုခံကာကွယ် လျှောက်လဲသွားမယ်လို့ တရားခံ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

နောက်တခေါက် ရုံးချိန်းကို လာမယ့် နို၀င်ဘာလ ၂ဝ ရက်မှာ စစ်ဆေးသွားမှာ ဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၀၃ အရ လျှောက်လဲချက် ပေးသွားမယ်လို့ တရားခံ ရှေ့နေက ပြောပါတယ်။

ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မဟာ ပြစ်မှု ထင်ရှားလို့ရှိရင် ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်ပါတယ်။