ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရက်ကာ မြို့သိမ်း တိုက်ပွဲကြောင့် အရပ်သား နှစ်သိန်းကျော် အိုးအိမ်မဲ့
ဆီးရီးယား နိုင်ငံ ရက်ကာ မြို့မှာ လေးလကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးတဲ့နောက်၊ အိုင်အက်စ်တွေ လက်ကနေ ဒီမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
အခုအခါ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ တပ်တွေက သူတို့ အလံတွေကို မြို့တဝိုက်မှာ လွှင့်ထူ ခဲ့ကြပါတယ်။
ကာ့ဒ် မျိုးနွယ်စု တပ်ဖွဲ့နဲ့ အာရပ် တိုက်ခိုက်ရေးသမားတွေက ရက်ကာမြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောနေပေမယ့် သူတို့ကို ကျောထောက် နောက်ခံပေးနေတဲ့ အမေရိကန် တပ်ဖွဲ့တွေကတော့ ဒီမြို့မှာ အိုင်အက်စ်အဖွဲ့၀င်တွေ ကျန်ရှိနေသေးပြီး ခုခံပြန်တိုက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ရက်ကာမြို့တဝိုက်မှာ မြုပ်ထားတဲ့ လက်လုပ် ဗုံးတွေ ဖယ်ရှား ရှင်းလင်းရေး ဟာလည်း အရေးတကြီး ဖြေရှင်းရမယ့် နောက်ထပ် ပြဿနာ တရပ်က ဖြစ်ပါတယ်။
ရက်ကာမြို့သိမ်းတိုက်ပွဲကြောင့် လူသုံးထောင်လောက် အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီအထဲက သုံးပုံတပုံဟာ အရပ်သားတွေ ဖြစ်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။